AD
AD
AD
play

 

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူကြိုက်များလာတဲ့ အဆိုတော် ဆိုဖီယာကတော့ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်လို့ နေပါတယ်။ ယခင်က တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလထဲ ထွက်မယ်လို့ ပြောထားပေမဲ့ ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရတဲ့အတွက် ဇန်နဝါရီလမှ အခွေထွက်နိုင်တော့မယ်လို့ သိရပါတယ်။

အခွေနာမည်ကိုလည်း လောလောဆယ်မှာ လျှို့ဝှက်ထားတယ်လို့ သိရပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေထဲမှာ ပါဝင်မယ့် သီချင်းပုံစံလေးတွေကတော့ R&B အမျိုးအစားမျိုး ပေါ့ခ်ရော့ခ် ပုံစံလေးတွေ လည်းပါဝင်တယ်လို့ သူမက ဆိုပါတယ်။

play

 

အဲဒီအခွေထဲမှာ Bonus Song အဖြစ် ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "Crush on you" သီချင်းကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Source : 7day TV

Photo  : ဆိုဖီယာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD