AD
AD
AD
play

 

ဒါရိုက်တာ ဝိုင်းရိုက်ကူးနေတဲ့ "ဘယ်ညာဘယ်ညာ" ရုပ်ရှင်ဇာတ်ကားမှာတော့ မြင့်မြတ်နဲ့ ဖွေးဖွေးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အဲဒီဇာတ်ကားကတော့ အချစ်ဟာသလူငယ်ကြိုက်ပုံစံမျိုးလေး ဖြစ်တယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင်မှာ ပီပြင်သူ နှစ်ဦးဖြစ်တဲ့ မြင့်မြတ်နဲ့ ဖွေးဖွေးတို့ရဲ့ ကျရာကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဒီဇာတ်ကားမရိုက်ခင်ရက်ပိုင်းက ခရီးတွေ သွားဖြစ်နေခဲ့ပြီး ခိုင်သင်းကြည်နဲ့လည်း ပွဲကြမ်းပြီဆိုတဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် ဖွေးဖွေးဟာ ဘယ်ညာဘယ်ညာရိုက်ကူးအပြီးမှာ လူမင်းနဲ့လည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိတယ်လို့သိရပါတယ်။

Photo : Myo Min Hein

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD