AD
AD
AD

သရုပ်ဆောင် အဆိုတော် မင်းသွေးကတော့ အကြမ်းဖက်သမားများကို ရင်ဆိုင်နေရတဲ့ ရခိုင်တိုင်းရင်းသားများအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်ခံရသူများအတွက် သူ့အနေနဲ့ လှူဒါန်းဖြစ်သောလည်း ဆိုရှယ်မီဒီယာပေါ်မတင်ဖြစ်သလို စီစဉ်တဲ့အဖွဲ့အစည်းများရှိရင်လည်း ရခိုင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါသွားမယ်လို့ သူက ပြောပါတယ်။

play

 

"စီစဉ်တဲ့သူရှိရင်တော့ ရခိုင် ကိုသွားဖြစ်မယ်။ စိတ်လုံခြုံမှုအ တွက်ပဲ တစ်ခုပေးချင်တယ်။ ဒီအ တိုင်းကြီး တွေ့မယ်။ စကားတွေ ပြောတာထက်စာရင်း သူတို့စိတ် လုံခြုံမှုအတွက် တစ်ခုခုလုပ်ပေး ချင်တယ်’’ဆိုပြီး 7day Daily မှာ ဖြေဆိုထားပါတယ်။

မင်းသွေးအနေနဲ့ ယခင်နှစ်တွေကလည်း အခြားသော အနုပညာရှင်များနဲ့အတူ ရခိုင်သို့ ရုပ်ရှင်အစည်းအရုံးနဲ့ တစ်ကြိမ်၊ အခြားသော အဖွဲ့အစည်းနဲ့ တစ်ကြိမ် နှစ်ကြိမ်တိတိသွားရောက်လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။

play

 

မင်းသွေးကတော့ စက်တင်ဘာ(၃)ရက်နေ့မှာ ဗစ်တိုးရီးယားထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာသားညီရိုက်ကူးမယ့် ကတ်ကြေးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း၊ပိုင်ဖြိုးသုတို့နဲ့အတူ သရုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မင်းသွေးကတော့ လက်ရှိမှာလည်း သူ့နာမည်သုံးထားတဲ့ Fake အကောင့်တစ်ခုကနေ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ရေးသားနေတာကြောင့် စိတ်ညစ်နေရပါသေးတယ်။

play

 

ဒါပေမယ့်လည်း အဲ့ဒါကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒီနေ့(သြဂုတ်၃၀ရက်)ကလည်း အဲ့လိုဝေဖန်တာနဲ့ ပတ်သက်ပြီး တော့ ဗီဒီယို ဖိုင်လေးနဲ့အတူ ယခုလို စာသားရေးကိုလည်း ရေးသားခဲ့ပါတယ်။

"လူ့ဘဝဆိုတာ တိုတိုလေးပါဗျာ နေခွင့်ရတဲ့ အချိန်ခဏမှာ စိတ်ချမ်းသာစွာနေထိုင်ဖို့ကျွှန်တော့်အတွက် သိပ်အရေးကြီးပါတယ် ။

ကျွှန်တော်နဲ့ပတ်သက်ပြီး မဟုတ်မမှန် သတင်းတွေကို ဖြန့်နေသူတွေနဲ့ အဲဒီအပေါ်မှာ က ကြီးမသိ အ မသိပဲ ဆဲဆိုနေသူတွေအတွက်

ဒီပြဿနာကို နောက်ဆုံးဖြေရှင်းတဲ့ Video ပါ။ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ " ဆိုပြီး ဆိုထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD