AD
AD
AD

မြန်မာ့ရုပ်ရှင်လောကအတွက် ဒီနေ့ဟာ အရေးပါတဲ့ နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။

အောက်တိုဘာ(၁၃)ရက်နေ့မှာ ကျရောက်တဲ့ (၉၇)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနဲ့(၅၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီ ပူဇော်ပွဲနေ့မှာတော့ အနုပညာလောကသားတွေ စုံစုံလင်လင် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

play

 

မြန်မာရုပ်ရှင်နေ့အခမ်းနားနဲ့ (၅၄)ကြိမ် မြောက် သက်ကြီး ပူဇော်ပွဲနေ့ကိုတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်နေ့နဲ့အတူ သက်ကြီးပူဇော်ပွဲလည်း ကျင်းပပြုလုပ်ခဲ့သလို နိဗ္ဗာန်ဈေးပွဲတော်ကိုပါ ပြုလုပ်ခဲ့ပါတယ်။

play

နိဗ္ဗာဈေးပွဲတော်မှာတော့ အနုပညာရှင်များက ကိုယ်တတ်နိုင်တဲ့ မုန့်များနဲ့ အစားအစာများကို တာဝန်ယူခဲ့ကြပါတယ်။

ဒီနှစ်မှာ ကျင်းပပြုလုပ်တဲ့ ယင်းပွဲကိုတော့ အနုပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်ခဲ့ကြသလို စတုဒီသာကျွေးတဲ့ ဆိုင်ခန်းတွေလည်း အရင်နှစ်ကထက် များပြားလာတာလည်း တွေ့ရပါတယ်။

play

 

ဒီနှစ်မှာ ကျင်းပတဲ့ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာတော့ အပူဇော်ခံ သက်ကြီး (၁၆၂)ဦးကို သက်ငယ် အနုပညာရှင်များက ဂါရဝပြုပူဇော်ခဲ့ကြပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD