AD
AD
AD

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ ဘဝထဲကို မကြာခင်မှာ သမီးဦးလေး တစ်ယောက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သမီးဦးလေးကိုတော့ ဒီဇင်ဘာလ ပထမအပတ်မှာ မွေးဖွားမယ်လို့ သိရပါတယ်။

မွေးဖွားမယ့် ဆေးရုံကတော့ ပန်းလှိုင်ဆေးရုံမှာပါတဲ့။ ယခုဆိုရင် သံသာဝင်းရဲ့ ကိုယ်ဝန်က (၈)လရှိပြီလို့ သိရပါတယ်။

play

 

အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံကတော့ အောက်တိုဘာ(၂၀)ရက်နေ့က ကိုယ်ဝန်ဆောင်အမှတ်တရအနေနဲ့ အလှဓာတ်ပုံလေးတွေ ရိုက်ပြီး သံသာဝင်းရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

ဓာတ်ပုံထဲမှာတော့ သံသာဝင်းက ပန်းရောင် ကိုယ်ဝန်ဆောင်ဂါဝန်လေးဝတ်ဆင်ထားတာ ဖြစ်ပြီး တကယ့်ကို ကလေးလေး တစ်ယောက်လို လှနေတာတွေ့ရပါတယ်။ ကိုယ်ဝန်က မိန်းကလေးလွယ်ထားရလို့လားမသိ သူမကို ကြည့်ရတာ ပိုပြီး နုသွားသလို ခံစားရပါတယ်။

play

 

အလှဓာတ်ပုံလေးတွေကို ဝတ်စုံနှစ်စုံနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီအင်္ကျီကိုတော့ ဒီဇိုင်နာမပုံ့က ဖန်တီးပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ဇနီးမောင်နှံကတော့ ပုံစံအမျိုးမျိုးနဲ့ အလှဓာတ်ပုံလေးတွေ ရိုက်ထားပါတယ်။ ကိုယ်ဝန်ဆောင်အမှတ်တရပုံလေးကို မမြင်ရသေးတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

play

 

အနဂ္ဂနဲ့သံသာဝင်းတို့ ဟာ ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပွဲကိုတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း လေးနှစ်အကြာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photo : သံသာဝင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD