AD
AD
AD

သရုပ်ဆောင် ဆုပန်ထွာကတော့ သားဖြစ်သူရဲ့ မွေးရက်တိုင်းကို အိမ်မှာ အလှူလုပ်သွားမှာ ဖြစ်ပါတယ်။ သားဖြစ်သူ Roar Roar ရဲ့ မွေးရက်ဖြစ်တဲ့ ကြာသပတေးနေ့တိုင်းကို အပတ်စဉ် ဆွမ်းခံသံဃာတော်များကို ဆွမ်းလောင်းမယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့်လည်း သံဃာတော်အရှင်သူမြတ်များကို အပတ်စဉ် ကြာသပတေးနေ့တိုင်း သူမတို့ အိမ်ကို ဆွမ်းခံကြွဖို့အတွက် ဖိတ်ခေါ်ထားပါသေးတယ်။

play

 

"အပတ်စဉ် ကြာသပတေးနေ့တိုင်း ကြွလာတဲ့သံဃာတော်တွေ ပန်ပန်တို့အိမ်က အမြဲဆွမ်းလှူနေကျမို့ ပျော်တဲ့စိတ်ကလေး၊ ပီတိ စိတ်ကလေးနဲ့ ပုံလေးတွေတင်ဖြစ်ပါတယ်။ ၉မိုင်ရွှေနှင်းဆီထဲမှ သံဃာတော်အရှင်သူမြတ်များကိုလည်း အပတ်စဉ်ကြာသပတေး နေ့တိုင်းဆွမ်းခံကြွဖို့ဖိတ်ပါတယ်ရှင်။

သူ့အဖေရဲ့ Idea လေးပါ။ သူ့သားမွေးနေ့တိုင်းသံဃာတွေဆွမ်းလှူပါလားမိန်းမဆိုတာနဲ့ အဘွားကလည်းကြာသပတေးမို့ သူတို့မြေးအဘွားအတွက် အပတ်စဉ်တိုင်းလှူဖြစ်တာကြာပါပြီ။

ကောင်းမှူကုသိုလ်လေးအတွက် ပီတိဖြစ်ရင်း" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

အခုဆိုရင် ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ရဲ့ သားလေး Roar Roar ရဲ့ (၁)နှစ်ကျော်သွားပြီဖြစ်ပါတယ်။ သားလေးရဲ့ (၁)နှစ်ပြည့် မွေးနေ့ကိုလည်း မဟာစည်သာသနာ့ရိပ်သာမှာ အလှူလုပ်ခဲ့ပါသေးတယ်။

သားလေးရဲ့ မွေးနေ့အလှူအဖြစ် သံဃာများ၊ ယောဂီများအတွက် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြီး ရခိုင်ပြည်နယ် မောင်တောမှာရှိတဲ့ စစ်ဘေးဒုက္ခသည်များအတွက် စောင်၁၀၀၊ ခေါင်းအုံး၁၀၀၊ ခြင်ထောင် ၁၀၀၊ နဲ့ မီးစက်အတွက် ဆီကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

ဆုပန်ထွာ သားလေး Roar Roar ကို စက်တင်ဘာ(၁၅)ရက်နေ့ ဝိတိုရိယဆေးရုံမှာ နံနက် (၅း၄၅)က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေး Roar Roar ကတော့ မွေးဖွားချိန်က ကိုးပေါင်နဲ့ နှစ်အောင်စရှိပြီး အရပ်ကတော့ ၅၂ စင်တီမီတာ ရှိခဲ့တာ ဖြစ်ပါတယ်။

မွးဖွားချိန်ကတည်းက လူများရဲ့ ချစ်ခြင်မှုကို ရရှိထားတဲ့ သားလေးက အခုလက်ရှိမှာလည်း မိခင်ရဲ့ အနုပညာ အသိုင်းအဝိုင်းများ ကသာမက ပရိသတ်များကပါ ချစ်ခြင်ရတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

Postby

 

Photo : ဆုပန်ထွာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD