AD
AD
AD

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ (၃)ရက် အဓိဠာန်ကနေ ပြန်ထွက်လာပြီလို့ သိရပါတယ်။ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ကျောင်းမှာ အဓိဠာန်ဝင်ခဲ့တာ ဖြစ်ပါတယ်။

အဓိဠာန်ကနေ ပြန်ထွက်လာတဲ့ သူမကတော့ သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း (၇)ရက် သားသမီးတို့ကို အမျှပေးဝေထားပါသေးတယ်။

play

 

"ယနေ့ ၂၆.၁၀.၂၀၁၇ ကြာသပတေးနေ့ မှာ အဓိဠာန်ထွက်ပါပြီရှင်..ကျမ သစ်တံခါးဆရာတော်မေတ္တာဓါတ်ကိုခံယူကာ ပြုပြုသမျှ ကုသိုလ်ကောင်းမှုတို့အား ၇ ရက်သားသမီးတို့ကို အမျှပေးဝေပါတယ်ရှင်..သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေသော် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အဓိဠာန်ကနေ ပြန်ထွက်လာပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့ ပကာသနတွေ ကင်းမဲ့ပြီး သဘာဝဆန်ဆန်လှပနေတဲ့ မျက်နှာလေးကိုလည်း ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

play

 

ခိုင်နှင်းဝေဟာ (၉)လပိုင်းတုန်းကလည်း တရားစခန်း  အဓိဌာန် သုံးရက်ဝင်ပြီး ကုသိုလ်ယူခဲ့ပါသေးတယ်။ ခိုင်နှင်းဝေကတော့ ပြီးခဲ့သော လပိုင်းလောက်က သွေးလုံးသားလုံး  (Myoma) ရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။

ခွဲစိတ်ကုသမှုကို SSC Women's Canter မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇူလိုင်(၈)ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ဇူလိုင်(၉)ရက်နေ့ နံနက်ပိုင်းမှာ ခွဲစိတ်ကု သမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

play

 

ဇူလိုင်(၁၂)ရက်နေ့မှာ ခိုင်နှင်းဝေက လမ်းစလျှောက် နိုင်ပြီ ဖြစ်ကာ ယနေ့ ဇူလိုင်(၁၄)ရက်နေ့မှာတော့ ဆေးရုံကတောင် ဆင်းခွင့်ရရှိခဲ့ ပါတယ်။

ဆေးရုံက ဆင်းပြီးနောက်ပိုင်းမှာလည်း သူမအနေနဲ့ အနုပညာအလုပ်များနဲ့ ပရဟိတအလုပ်များကို ဆက်တိုက် ပြန်လည် လုပ်ကိုင် လာတာ တွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD