AD
AD
AD

သရုပ်ဆောင် ပိုင်ဖြိုးသုတစ်ယောက် ချစ်သူကို စစ်ကြေညာလိုက်ပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားလိုက်တာပါ။

ပိုင်ဖြိုးသု စစ်ကြေညာလိုက်တာကတော့ "ရင်ဘက်ထဲကဓါး" ရုပ်ရှင်ဇာတ်ကားကို 1st Day 1st show ကြည့်ချင်တယ်ဆိုပြီး ပူဆာလိုက်တာ ဖြစ်ပါတယ်။

play

 

မကြည့်ရရင်တော့ ဝက်ဝက်ကွဲ  စိတ်ကောက်မယ်ဆိုပြီးတော့ ကြိုတင်စစ်ကြေညာလိုက်တာပါ။

"သို့

သက်ဆိုင်သူ

မနက်ဖြန် နေ့တစ်ပိုင်း သုသုမ အားသည်....

"ရင်ဘတ်ထဲကဓါး" 1st day 1st show ကြည့်ချင်သည်...

လက်မှတ်ရအောင် ဝယ်၍လိုက်ပြပါ....

မကြည့်ရလျှင် ဝက်ဝက်ကွဲ စိတ်ကောက်မည်ဖြစ်ကြောင်း ကြိုတင် စစ်ကြေငြာလိုက်သည်....

Ps : ဒီpostကိုမမြင်မိပါဟုငြင်းမည်မကြံနှင့် ရှင်ကြီးသုသုမ Account ကို like မပေး comment မပေးပဲ အကြီးအကျယ် stalk နေတာသုသုမ ကောင်းကောင်းသိသည်" ဆိုပြီး သူမက ဆိုလိုက်တာ ဖြစ်ပါတယ်။

play

 

ပိုင်ဖြိုးသု ကြည့်ချင်တဲ့ "ရင်ဘက်ထဲကဓါး" ရုပ်ရှင်ကတော့ ရုံမတင်ခင် ရက်တွေကတည်းက ကြိုတင်လက်မှတ်တွေ ရောင်းအားကောင်းနေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကို ရုံတင်ဖို့ တစ်ရက်အလို ကျမှ ပိုင်ဖြိုးသုက ချစ်သူကို ပူဆာလိုက်တာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီးတစ်ယောက်အခုချိန်မှာ လက်မှတ်ဝယ်ဖို့ ကြိုးစားနေလောက်ပါပြီ။ပရိသတ်တွေကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပြောပုံဆိုပုံလေးတွေကို ချစ်နေကြပါတယ်။

play

 

ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ကတော့ ချစ်သူသက်တမ်းကတော့ သုံးနှစ်ကျော်လောက် ရှိပြီလို့ သိရပါတယ်။ သူတို့နှစ်ယောက်စလုံး ဟာ အနုပညာကို တန်ဖိုးထားတာချင်းတူတယ်လို့ သိရပါတယ်။

ပိုင်ဖြိုးသုကတော့ ချစ်သူနဲ့အတူ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကား ဒီနှစ်ထဲမှာ ရိုက်ဖြစ်မယ်လို့လည်းသိရပါတယ်။

Postby

 

Photo : ပိုင်ဖြိုးသု ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD