AD
AD
AD

အမတစ်ယောက်နဲ့အတူ ချစ်သုဝေက Small Business လေး တစ်ခုလုပ်နေတယ်လို့ သိရပါတယ်။အဲ့ဒါကတော့ USA ကနေ မှာပြီးတော့ ကလေးအင်္ကျီလေးတွေ ရောင်းနေတာ ဖြစ်ပါတယ်။ အင်္ကျီလေးတွေကို Blessed baby ဆိုတဲ့ ပေ့ခ်ျလေးကနေ ရောင်းနေတာ ဖြစ်ပါတယ်။

အဲ့ဒီအကြောင်းလေးကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

"SA ကမှာပြီး ကလေးအင်္ကျီလေးတွေကို Blessed baby ဆိုတဲ့ page လေးနဲ့ ရောင်းပါတယ်။ အစ်မတစ်ယောက်နဲ့တူတူလုပ်တဲ့ small business လေးမို့ ကိုယ်တိုင်လည်း ပစ္စည်းရောက်လို့ ခေတ် နဲ့သစ်လေးsizeဆို ဝယ်ပါတယ်။ in stock စိတ်ကြိုက်ဝယ်ပြီးစိတ်ကြိုက်ရောင်းလို့ စောင့်စရာလည်းမလိုပါဘူး။

ပထမတစ်သုတ်တုန်းက ဈေးရင်းကို ၁၀၀၀နဲ့မြှောက်ရောင်းမိလို့ Gapအင်္ကျီလေးတွေ ရှုံးပါတယ် he he(စီးပွားအမြင်တွေကတော့ ပြောမနေနဲ့ ) ခုထပ်ရောက်တာလေးတွေ သိပ်လှပါတယ်..ခေတ်နဲ့ သစ်sizeမပါပဲ ၃နှစ်အထက် sizeတွေများပါတယ် ကြံရာမရ ကလေးမရရင် အမေဝတ်မယ်ဆိုပြီး ၁၂နှစ်sizeတော်လောက်တယ်ထင်လို့ေ ကာက်ဝတ်တာ တကယ်တော်နေတယ်။ "ဝယ်ပါတယ်ခင်ဗျာ"

play

ကိုယ်ရောင်းပြီးကိုယ်ဝယ်တာနဲ့ တော်တော်ကုန်တာပါပဲ ။Maphyu Thet Sweမမရေ ဒိုင်ခံဝယ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကြီးရှိတယ် တိလား   

တကယ်ပါ ...quality ကောင်းကောင်းပေးရတာတန်တယ် ချုပ်လည်းဈေးကြီးတယ် လက်ရှိ market ထဲလည်းကိုယ်ကြိုက်တာရှားတယ်..အဲ့တော့ ကိုယ်ကြိုက် ကိုယ်ဝယ် ကိုယ်ရောင်း ကိုယ်ပြန်ဝယ်,,,တစ်ယောက်တည်းကို ရှုပ်နေတာပဲ" ဆိုပြီး ပြောထားပါတယ်။

play

 

သူတို့မိသားစုလေးကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ အဆိုတော် သရုပ်ဆောင် ချစ်သုဝေဟာ ကလေးလေးလို အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ပရိသတ်ရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူဖြစ်ပြီး သူမနဲ့ အဆိုတော် လင်းလင်းတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဟာလည်း ပရိသတ်ရဲ့အသည်းကျော်လေးတွေ ဖြစ်နေပါပြီ။

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ ၂၀၁၄ ခုနှစ်က မင်္ဂလာပွဲကျင်းပခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာအမြွှာသမီးလေး တွေဖြစ်ကြတဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ် တို့ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photos : ချစ်သုဝေဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD