AD
AD
AD

ထက်ထက်ထွန်းတစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလျက်ရှိပါတယ်။ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် တကယ်ကို ကြိုးစားနေတဲ့ သူမရဲ့ စိတ်ဓာတ်လေးတွေကတော့ အံ့မခန်းပါပဲ။

ချစ်ခြင်းစတုဂံဆိုတဲ့ ဇာတ်ကားကို ရိုက်နေတဲ့ ထက်ထက်ထွန်းကတော့ ချော်လဲတဲ့ အခန်းတွေကို ဒဏ်ရာတွေ အရခံပြီး တကယ်ကို လဲပြီး သရုပ်ဆောင်ခဲ့တာပါတဲ့။

play

 

တကယ့်ကို အံ့သြစရာကောင်းလှပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း အဲ့ဒီဇာတ်ကားအတွက် ဘယ်လိုကြိုးစားထားလဲ ဆိုတာ ယခုလို ရေးသားထားပါတယ်။

"အစစ်မင်းသမီးလေးပါ      

ချော်လဲတဲ့ခန်း တစ်ကယ်လဲပလိုက်တာ ၅ခါ ၆ခါ ...

ဒူး ပခုံး လက် မျက်နှာပါမကျန် ပေပလူး ပွန်းရှ ဒဏ်ရာတစ်သိန်းနဲ့ပေမယ့် အလုပ်အတွက်ဆို ပျော်နေသူပါ ...

အမှတ်တရများစွာနဲ့ ကြိုးစားမှုများစွာ အားစိုက်ထားလို့ အသိအမှတ်ပြုမှုများစွာရရင် ပျော်ပါပြီ " ဆိုပြီး ပြောထားပါတယ်။

play

 

ထက်ထက်ထွန်းကတော့ အလှမယ် တစ်ယောက်အပြင် သရုပ်ဆောင် အလုပ်ကိုပါ ဝါသနာပါတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

၂၀၁၁ခုနှစ်ကတည်းက သရုပ်ဆောင်အလုပ်ကို စလုပ်ခဲ့တာဖြစ်ပြီး နောက်ကျမှ မော်ဒယ်လ်အလုပ်ကိုလုပ်ရင်းက Miss ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့သိရပါတယ်။

play

 

အလှမယ် ထက်ထက်ထွန်းဟာ (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Best National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်လာနိုင်သူ တစ်ဦးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကိုကမ္ဘာက သိအောင် တင်ဆက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

Photo : ထက်ထက်ထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD