AD
AD
AD

ဓာတ်ပုံမော်ဒယ်အဖြစ် ပရိသတ်အားပေးမှု ရရှိထားတဲ့  မြတ်ပုဏ္ဏမီနိုင် ကတော့ လုံခြုံတဲ့ အဝတ်အစားတွေကို နှစ်သက်တဲ့အပြင် ဖက်ရှင်ကိုလည်း စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

play

 

‘‘ညီမကိုဝေဖန်မှုနည်းအောင် ရွေးဝတ်တာတော့ မဟုတ်ဘူး။ ဆွဲဆောင်မှုလည်း တစ်မျိုးရှိရ မယ်။ ညီမပွဲတက်ပဲဖြစ်ဖြစ်၊ ရိုက် ကူးရေးပဲဖြစ်ဖြစ်  ဖက်ရှင်ကို ဂရု စိုက်တယ်။   မျက်နှာပိုင်းထက် ဖက်ရှင်ပိုင်းကို   ပိုဦးစားပေးပါ တယ်။ Hot ဖြစ်တာတွေလည်း ၀တ် ပါတယ်။ အတိုတွေ ဘာတွေဝတ် ရမယ်ဆို ညီမညှိနှိုင်းပြီးမှ ၀တ် စားဖြစ်ပါတယ်’လို့ ပြောပါတယ်။

play

Photo Model အလုပ်ကို ဝါသနာကြီးတာကြောင့် ရှစ်တန်းနှစ်ကနေ စပြီး Miss Forever Gems ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Model ဘက်ကို ပိုပြီးတော့ အားသန်တာကြောင့် သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

play

 

သူမကို ဇာတ်ကားရိုက်ကူးဖို့အတွက် ကမ်းလှမ်းတာတွေ ရှိပေမယ့် သူမကိုယ်တိုင်ကသရုပ်ဆောင်အလုပ်နဲ့ ဆက်စပ်မှုမရှိဘူးလို့ ထင်တာကြောင့် သရုပ်ဆောင်မလုပ်ဖြစ်တာလို့ ဆိုပါတယ်။

သရုပ်ဆောင်ဘက်ကို ဝါသနာမပါပေမယ့်လည်း အဆိုဘက်ကို ဝါသနာပါတယ်လို့ ပြောပါတယ်။

play

 

အနုပညာအလုပ်တွေ လုပ်နေပေမယ့်လည်း ပညာရေးကို အလေးထားတဲ့သူမကတော့ အဝေးသင်အင်္ဂလိပ်စာ အဓိကနဲ့ ပထနှစ်တက်နေတယ်လို့ သိရပါတယ်။

Postby

 

Photo : မြတ်ပုဏ္ဏမီနိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD