AD
AD
AD

သရုပ်ဆောင် ဖြိုးငွေစိုးက မိန်းမဖြစ်သူကို ကားတစ်စီး ဝယ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ကားဝယ်ဖို့အတွက်ကိုတော့  ကိုယ်က နည်းနည်း အဖေကလိုတာအကုန်နီးပါးစိုက်ပေးတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"မိန်းမကိုကားဝယ်ပေးတာ ဟဲဟဲ

ကိုယ်ကနည်းနည်းအဖေကလိုတာအကုန်နီးပါးစိုက်ပေး ဟဲဟဲ" လို့ ဆိုပါတယ်။

မိန်းမကို ဘယ်လိုတွေ တောင်ချစ်လဲနော်။ ကားအသစ်ကြီးနဲ့ သားအဖသုံးယောက် ဓာတ်ပုံတွေ ရိုက်ထားပါသေးတယ်။ပရိသတ်တွေအတွက် အဲ့ဒီဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

play

 

ဖြိုးငွေစိုးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အခုလည်း ထုတ်လုပ်ရေး အသစ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကတော့ သားအဖနှစ်ဦးကြားက ပြိုင်ဆိုင်မှုနဲ့ အလွဲအချော်များကို ဟာသပုံစံနဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးပြီး ကျော်ရဲအောင်၊ ရာဇာနေဝင်း၊ မင်းမော်ကွန်း၊ မေသန်းနု၊ မေသဉ္ဇာဦး ၊ ပိုင်ဖြိုးသုနဲ့ ရွှေသမီး တို့ ပါဝင်မယ်လို့ သိရပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကားကြီး မရိုက်ကူးမီ ဖြိုးငွေစိုးကတော့ ဗီဒီယိုဇာတ်ကားနှစ်ကား ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ထုတ်လုပ်ရေး အသစ်နဲ့ လက်တွဲပြီး ရိုက်ကူးရတဲ့အတွက်လည်း ဖြိုးငွေစိုးအနေနဲ့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

ဖြိုးငွေစိုးကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်လျက်ရှိပြီးတော့ သာယာတဲ့ မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

play

 

ဂုဏ်ပြည့်စုံဖြိုး ဆိုတဲ့ သားလေး တစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သားလေး ဂုဏ်ပြည့်စုံဖြိုးကတော့ အသက်(၃)နှစ်ရှိပြီလို့ သိရပါတယ်။ သားလေး ဂုဏ်ပြည့်စုံဖြိုးကလည်း ဖြိုးငွေစိုးနဲ့ အကျင့်စရိုက်တော်တော်များများတူတဲ့ အဖေတူသားလေး လည်း ဖြစ်ပါတယ်။

ဖြိုးငွေစိုးတို့ရဲ့ လက်ရှိ အိမ်ထောင်သက်ကတော့ သုံးနှစ်ကျော်ပြီ ဖြစ်ပြီး သားလေး ဂုဏ်ပြည့်စုံဖြိုးကို အကောင်းဆုံး ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ် ကလေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း သိရပါတယ်။

Postby

 

 

Photo : ဖြိုးငွေစိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD