AD
AD
AD

Miss Grand International ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာ အခြားနိုင်ငံက အလှမယ်များက မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အေးချမ်းမိုးကို စိတ်ဓာတ်မကျစေဖို့အတွက် အားပေးခဲ့တာ ဖြစ်ပါတယ်။

‘‘ဒီပြိုင်ပွဲက ညီမအနေနဲ့ အနီးကပ်မှ သွားရောက်ယှဉ်ပြိုင် ရတာကိုလည်း သူတို့သိကြတယ်။ ပြီးတော့ အတိုက်အခိုက်တွေအ များကြီးဆိုတာကိုလည်း သိကြ တယ်။ အဲဒီအကြောင်းတွေကို လည်း မေးတယ်။ ညီမကလည်း သေချာရှင်းပြတယ်။ ညီမကို အား ပေးကြတယ်။ စိတ်ဓာတ်မကျဖို့ ကြိုးစားဖို့အတွက် အချင်းချင်း အားပေးကြတယ်။ Trainer တွေ ကိုယ်တိုင်ကလည်း အားပေးကြ တယ်’’ လို့ သူမက ဆိုပါတယ်။

play

 

အေးချမ်းမိုးဟာ Miss Grand International ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ရက်ပိုင်အလိုမှ လွှဲပြောင်းခံရတာလည်း ဖြစ်ပါတယ်။

သူမကို ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းထွက်ပေါ်ကတည်းက ဝေဖန်မှုတွေ များစွာ ရှိခဲ့တာ Miss Grand International ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အထိ ဝေဖန်မှုတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။

play

 

Miss Grand International ပြိုင်ပွဲကို ရက်ပိုင်းအတွင်း ပြင်ဆင်ပြီး သွားရောက်ခဲ့ရတဲ့အတွက် လိုအပ်ချင်တွေ များစွာ ရှိခဲ့ပြီး အားပေးခဲ့တဲ့ ပရိသတ်တွေအတွက် သူမအနေနဲ့ ဆုတစ်ဆုမှ မယူပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်ကြောင်းကိုလည်း အေးချမ်းမိုးက ပြောထားပါသေးတယ်။

အေးချမ်မိုးဟာ အမျိုးသားဝတ်စုံပြိုင်ပွဲမှာ ပုဂံဒေဝီဝတ်စုံနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး ဆန်ခါတင်(၁၀)ဦးစာရင်းကို ဝင်ခဲ့ပါတယ်။

play

 

Miss Grand International ပြိုင်ပွဲကြီးမှာ Miss Grand International Winner ဆုကို ပီရူးနိုင်ငံကိုယ်စားပြု အလှမယ်  Maria Jose Lora က  ရရှိခဲ့တာ ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : အေးချမ်းမိုးပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD