AD
AD
AD

မော်ဒယ် သရုပ်ဆောင်လေး ဟန်သီ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ ယခုလက်ရှိကတော့ ဟန်သီက ခွဲစိတ်ခန်းထဲဝင်ပြီးသွားသလို ကျန်းမာရေးအခြေအနေလည်း သက်သာတယ်လို့ သိရပါတယ်။

သွားဘက်ဆိုင်ရာ ကျန်းမာရေး အခြေအနေအရ ခွဲစိတ်ပြီ နုတ်ရမှာ ဖြစ်တဲ့အတွက် အောက်တိုဘာ(၂၇)ရက်နေ့က ဆေးရုံတက်ရောက်ခဲ့တာ ဖြစ်ပြီး ဒီနေ့(အောက်တိုဘာ၂၈ရက်)မှာ ခွဲစိတ်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

play

 

ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီး အံသွားလေးချောင်းနုတ်ပစ်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ သူမဆေးကုသမှု ခံယူနေရ တယ်လို့ သတင်းကြားတာကြောင့် ပရိသတ်တွေကလည်း တော်တော်စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် ဟန်သီးလေရဲ့ မိခင်က ပရိသတ်တွေကို မစိုးရိမ်ဖို့ ဟန်သီလေး သက်သာနေပြီ ဖြစ်ကြောင်းကို ကောမန့်တွေမှာ စာပြန်ရေးထားတာတွေလည်း တွေ့ရပါတယ်။

play

 

ဟန်သီရဲ့ ယခုလက်ရှိကျန်းမာရေးအခြေအနေကတော့ သက်သာနေပြီဖြစ်ကာ ဒီနေ့ည (အောက်တိုဘာ၂၈ရက်)ညမှာ ဆေးရုံက ဆင်းရမယ်လို့ သိရပါတယ်။

ဟန်သီကတော့ ရက်အနည်းငယ် အနားယူပြီး ပြန်လည်သက်သာသွားတာနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

play

 

ဟန်သီကတော့ အသက် ၁၄ နှစ်ကတည်းကအနုပညာအလုပ်တွေလုပ်ဆောင်လာတဲ့သူဖြစ်ပြီး အလှမယ်ဆုတွေ လည်း အများကြီးရရှိ လာတဲ့သူတစ် ယောက်ဖြစ်ပါတယ်။

တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်သိလာတဲ့ ဟန်သီက ကြော်ငြာတွေလည်း ဆက်လက် ရိုက်ကူးဖို့ရှိသလို သူပါဝင်သရုပ် ဆောင်ထားတဲ့ အလွမ်းဒဏ္ဏာရီဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို မင်းသား အားသစ်၊ အိချောပိုတို့နဲ့ အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

 

Postby

 

Photo : ဟန်သီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD