AD
AD
AD

ဒီနေ့(အောက်တိုဘာ၂၉ရက်)က ရှေ့ဆောင် အဆင့်မြင့်ရုပ်ရှင်ရုံမှာ " ရင်ဘက်ထဲကဓား" ရုပ်ရှင်ဇာတ်ကားအတွက် ပါဝင်တဲ့ပရိသတ်တွေက လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။

ရုံပြည့်ရုံလျှံ လာရောက်အားပေးကြတဲ့ ပရိသတ်တွေရဲ့ မတော်တဆ အနင်းခံလိုက်ရတဲ့ အိန္ဒြာကျော်ဇင်တစ်ယောက် ခြေသည်းလန်ပြီး ကျိုးသွားခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အိန္ဒြာကျော်ဇင်ကတော့ သူ့ရဲ့ အနာကိုတောင် ဂရုမစိုက် အပြုံးမပျက်ဘဲ ပရိသတ်တွေကို လက်မှတ်ဆက်ပြီး ရေးထိုးပေးခဲ့ကြပါတယ်။

play

 

အိန္ဒြာကျော်ဇင်ရဲ့ အဖြစ်အပျက်ကို ပရိသတ်တွေ တချို့က သိခဲ့ကြသလို ပရိသတ်တချို့ကတော့ မသိခဲ့ပါဘူး။ သိခဲ့တဲ့ ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်ရဲ့ ပရိသတ်တွေအပေါ်ထားရှိတဲ့ မေတ္တာကို ချီးကျူးလို့နေကြပါတယ်။

သူမပါဝင်ထားတဲ့ ရင်ဘက်ထဲကဓား ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်မြင်မှု တော်တော်ကို ရရှိနေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ရုံစတင်တဲ့နေ့ (အောက်တို ဘာ၂၉ရက်)ကတည်းက ရုပ်ရှင်ရုံတိုင်းမှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးနေကြတာ ဖြစ်ပါတယ်။

play

 

ဒီနေ့ကလည်း စနေနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် ပရိသတ်တွေပိုလို့တောင် များနေပါတယ်။ ဒါရိုက်တာ ဝိုင်းရဲ့ ဖန်တီးမှုထဲမှာ ပါဝင်ရတဲ့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ရဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေကို စီးမျောသွားစေခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဝတ္ထုလမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ ဇာတ်ကို ရင်ဘက်ထဲကဓား ရုပ်ရှင်အဖြစ် ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင် ဖန်တီးထားတဲ့ ပါဝင်တဲ့အနုပညာရှင်တွေရဲ့ လုပ်ဆောင်ချက်ကတော့ အံ့မခန်းပါပဲ။ပရိသတ်တွေရဲ့ ဆန္ဒတစ်ခုရှိပါသေးတယ်။

play

 

အဲ့ဒါကတော့ ဒီကားနဲ့ အိန္ဒြာကျော်ဇင်ကို အကယ်ဒမီရစေချင်တာလည်း ဖြစ်ပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ရင် ကံခေလွန်းတဲ့ သူမကို အဖို့ ပရိသတ်တွေကလည်း ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတာကြာခဲ့ပါပြီ ။

ဒီတစ်ကြိမ်တော့ အိန္ဒြာကျော်ဇင်တစ်ယောက် အကယ်ဒမီရမလားဆိုတာကလည်း ရင်ခုန်စွာနဲ့ မျှော်လင့်နေရပါတယ်။ ဒါရိုက်တာ ဝိုင်းရဲ့ ရိုက်ချက်တွေနဲ့ ရင်ဘတ်ထဲကဓားကို ပုံဖော်ထားသူတွေကတော့ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ မေကဗျာ၊ နေဆန်း၊ မြတ်ကေသီအောင် တို့အပြင် အခြားသော အနုပညာရှင်များ လည်း ပါဝင်ထားတာကြောင့် မကြည့်ရသေးတဲ့ ပရိသတ်တွေ သွားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Postby

 

ရင်ဘတ်ထဲကဓား ဇာတ်ကားကိုတော့ အောက်တိုဘာ(၂၇)ရက်နေ့ကစလို့ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

Photo : ရင်ဘက်ထဲကဓား ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD