AD
AD
AD

နန်းမြတ်ဖြိုးသင်းကတော့ Pre Wedding ပုံအသစ်လေးတွေကို ထပ်ပြီးတင်လိုက်ပါတယ်။ ဒီတစ်ခါတင်လိုက်တဲ့ ပုံလေးတွေက ဆန်းလည်းဆန်းသလို ချစ်စရာလည်း ကောင်းပါတယ်။

ပုံလေးတွေကို ပါရီမှာ ရိုက်ထားတာ ဖြစ်ပြီး မြန်မာဝတ်စုံလေးတွေနဲ့ ရိုက်ထားတာ ဖြစ်ပါတယ်။ ပုံအသစ်လေးတွေ တင်ရင်းနဲ့ ယခုလို စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

play

 

"ပါရီရောက် ကိုလိုနီခေတ်မြန်မာနှစ်ယောက်... ဟဲဟဲ

ဝတ်စုံလှလှလေးအတွက် Ko Myo Minn Soe ကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။

fittingတောင်လုပ်စရာမလိုပဲဒီတိုင်းထည့်ပီးယူသွားတာဟိုရောက်လို့ဝတ်လိုက်တော့ကွက်တိ လှလဲလှ

သူများနိုင်ငံမှာအဲ့ဝတ်စုံနဲ့ဆိုတော့လူတွေဝိုင်းကြည့် ဓာတ်ပုံတွေဝိုင်းရိုက်ကြ ဘယ်နိုင်ငံကလဲမေးကြနဲ့ အလုပ်တွေရှုပ်နေတာပဲ  

အမှတ်တရများနဲ့Paris" ဆိုပြီး ရေးသားထားပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကတော့ နိုဝင်ဘာလထဲမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ်နေ ခဲ့တဲ့  နန်းမြတ်ဖြိုးသင်းဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာဖြစ်သလို မင်္ဂလာဆောင်မယ့် သတင်းကိုပါ တစ်ခါတည်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ မင်္ဂလာပွဲကို ထူးထူးခြားခြားလေးနဲ့ အားလုံးပျော်စရာကောင်းအောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

play

 

မင်္ဂလာပွဲကို သုံးပွဲလုပ်ဖို့ စီစဉ်ထားတဲ့ နန်းမြတ်ကတော့ မင်္ဂလာပွဲအစီအစဉ်တွေကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။

"မင်္ဂလာပွဲက သုံးပွဲလုပ်ပါ မယ်။ တစ်ပွဲကလက်မှတ်ထိုးပွဲ ပေါ့။ အဲဒါလေးကို ထူးထူးခြား ခြားလေးနဲ့ အားလုံးပျော်စရာ ကောင်းအောင် နန်းမြတ်ကစီစဉ် ထားတယ်။ အဲဒါကတော့ နိုဝင် ဘာလအစလောက်လုပ်မယ်။ နေ ရာကတော့ မသေချာသေးဘူး။ နိုဝင်ဘာ ၂၆ ရက်က ဆီဒိုးနားမှာ စုလျားရစ်ပတ်မင်္ဂလာလုပ်ပါ မယ်။ ၂၇ ရက်နေ့ညကျရင် အင်း လျားလိတ်ဟိုတယ်မှာ ဒင်နာလုပ် ပါမယ်’’လို့ သူမက 7day Daily မှာ ဖြေဆိုထားပါတယ်။

Postby

 

ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက် ရှိပြီဖြစ်ပါတယ်။ ချစ်သူကောင်လေးက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်များကို အဆက်မပြတ်အောင် လုပ်ကိုင်နေသလို မင်္ဂလာပွဲအတွက်လည်း စီစဉ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD