AD
AD
AD
play

 

ခွဲစိတ်ကုသမှု ခံယူနေရတဲ့ ဟန်သီ

မော်ဒယ် သရုပ်ဆောင်လေး ဟန်သီ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ ယခုလက်ရှိကတော့ ဟန်သီက ခွဲစိတ်ခန်းထဲဝင်ပြီးသွားသလို ကျန်းမာရေးအခြေအနေလည်း သက်သာတယ်လို့ သိရပါတယ်။

သွားဘက်ဆိုင်ရာ ကျန်းမာရေး အခြေအနေအရ ခွဲစိတ်ပြီ နုတ်ရမှာ ဖြစ်တဲ့အတွက် အောက်တိုဘာ(၂၇)ရက်နေ့က ဆေးရုံတက်ရောက်ခဲ့တာ ဖြစ်ပြီး ဒီနေ့(အောက်တိုဘာ၂၈ရက်)မှာ ခွဲစိတ်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

play

 

ခြေသည်းလန်ပြီး ကျိုးသွားခဲ့ပေမယ့် အပြုံးမပျက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ဒီနေ့(အောက်တိုဘာ၂၉ရက်)က ရှေ့ဆောင် အဆင့်မြင့်ရုပ်ရှင်ရုံမှာ " ရင်ဘက်ထဲကဓား" ရုပ်ရှင်ဇာတ်ကားအတွက် ပါဝင်တဲ့ပရိသတ်တွေက လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။

ရုံပြည့်ရုံလျှံ လာရောက်အားပေးကြတဲ့ ပရိသတ်တွေရဲ့ မတော်တဆ အနင်းခံလိုက်ရတဲ့ အိန္ဒြာကျော်ဇင်တစ်ယောက် ခြေသည်းလန်ပြီး ကျိုးသွားခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အိန္ဒြာကျော်ဇင်ကတော့ သူ့ရဲ့ အနာကိုတောင် ဂရုမစိုက် အပြုံးမပျက်ဘဲ ပရိသတ်တွေကို လက်မှတ်ဆက်ပြီး ရေးထိုးပေးခဲ့ကြပါတယ်။

play

 

မိန်းမကို ကားဝယ်ပေးလိုက်တဲ့ ဖြိုးငွေစိုး

သရုပ်ဆောင် ဖြိုးငွေစိုးက မိန်းမဖြစ်သူကို ကားတစ်စီး ဝယ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ကားဝယ်ဖို့အတွက်ကိုတော့  ကိုယ်က နည်းနည်း အဖေကလိုတာအကုန်နီးပါးစိုက်ပေးတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

ချစ်သူကို စစ်ကြေညာလိုက်တဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသုတစ်ယောက် ချစ်သူကို စစ်ကြေညာလိုက်ပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားလိုက်တာပါ။

ပိုင်ဖြိုးသု စစ်ကြေညာလိုက်တာကတော့ "ရင်ဘက်ထဲကဓါး" ရုပ်ရှင်ဇာတ်ကားကို 1st Day 1st show ကြည့်ချင်တယ်ဆိုပြီး ပူဆာလိုက်တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD