AD
AD
AD

အဆိုတော် ပိုပိုကတော့ ပရိသတ်တွေနဲ့အတူ ကုသိုလ်ယူခဲ့ပါတယ်။ သန်လျင်မြို့နယ်မှာရှိတဲ့ ပုဂံတောင်ဓမ္မိကာရာမရွှေကျင်ကျောင်းတိုက်မှာ ကထိန်သင်္ကန်းများ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေအတူ သွားလှူခဲ့တဲ့ အလှူလေးနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါသေးတယ်။

play

 

"ကထိန်သင်္ကန်းကပ်ခဲ့ပါတယ်

ပိုပိုနဲ့အတူ ကုသိုလ် ယူကြတဲ့ We love popo fan group မှ ရန်ကုန် မန်းလေး မုံရွာ fan များအားလုံးလဲ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ ရှင်။

အားလုံးပေါင်း ငွေ ၆သိန်းခွဲနှင့် သင်္ကန်း ပရိက္ခရာ အစုံ လှူဒါန်းခဲ့ပါတယ်။ သာသနာပြုနိုင်တဲ့ သူများ ဖြစ်ကြပါစေရှင်" ဆိုပြီး ပြောထားပါတယ်။

ပိုပိုဟာ အလှူအတန်းအတွက်ဆိုရင် လက်မနှေးတဲ့သူတစ်ယောက်ပါ။ သူမအလှူပြုတိုင်း ပရိသတ်တွေကိုပါ ကုသိုလ်ရအောင် အမြဲတမ်း ပါဝင်ခိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ပရိသတ်တွေနဲ့ အလှူအတူတူလုပ်ဖြစ်တာ များတာကိုလည်း တွေ့ရပါတယ်။

ဇန်နဝါရီလအတွင်းကလည်း သူမရဲ့ပရိသတ်တွေနဲ့အတူတူ အလှူလုပ်ခဲ့ပါသေးတယ်။  နေရာကတော့ မန္တလေး ရေတံခွန်တောင်မှာရှိတဲ့ အဘိုးအဘွားတွေအတွက် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

မန္တလေးမှာရှိတဲ့ "YGW ပရဟိတ" အသင်းကို သူမရဲ့ ပရိသတ်တွေဖြစ်တဲ့ We Love PoPo Fan Group နဲ့အတူ သွားရောက်ကာ ဆေးပဒေသာပင် နှစ်သိန်းကျပ်နဲ့ ဖေဖော်ဝါရီ (၅)ရက်နေ့အတွက် မနက်စာနဲ့နေ့ဆွမ်းအပါအဝင်(၃)သိန်း(၂)သောင်း တိတိလှူဒါန်းခဲ့ပါသေးတယ်။

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

play

 

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

 

Photo : ပိုပိုဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD