AD
AD
AD

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ "အသေလှတဲ့သူ" ဖြစ်ရပ်မှန်စာအုပ်ကို မုန်းစွဲဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးမှာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီနေတိုး၊ ကျော် ကျော်ဗို၊ မင်းသွေး၊ အကယ်ဒမီ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားသော အနုပညာရှင်များစွာ ပါဝင်မှာ ဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးမှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ နေတိုးနဲ့ အပြန်အလှန် အငြိုးကြီးကြီး ဇာတ်ရုပ်နေရာက ပါဝင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

‘မုန်းစွဲထဲမှာ ကျွန်တော့်ကာ ရိုက်တာက နေတိုးတို့ ညီအစ်ကိုနဲ့ Against (ဆန့်ကျင်ဘက်) ဆိုက် ပေါ့။ ဟိုဘက်နဲ့ ဒီဘက် အမြဲ တမ်း တစ်ယောက်နဲ့တစ်ယောက် အငြိုးကြီးကြတဲ့ ရန်သူတွေပေါ့’’လို့ သူက ပြောပါတယ်။

play

 

7 Sense Film Production က ထုတ်လုပ်ရိုက်ကူးတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းဖြစ်တဲ့ (အသေ လှတဲ့သူ ဖြစ်ရပ်မှန်ဇာတ်လမ်း)ရဲ့ မူလပိုင်ရှင် ဆရာတော်အရှင် ဆန္ဒာဓိကထံ သို့လည်း သရုပ်ဆောင် နေတိုးနဲ့ ဒါရိုက်တာ သြရသတို့ ကိုယ်တိုင်သွားရောက်လျှောက်ထားပြီး ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားကို  နိုဝင်ဘာလ ၅ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ကံဂေါမြို့မှာ သွား ရောက်ရိုက်ကူးမယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင် ကျော်ကျော်ဗိုအနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီး အတွက်ကိုလည်း နိုဝင်ဘာတစ်လလုံး အချိန်ပေးထားတယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နဲ့အတူ ရုပ်ရှင်တစ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ကျော်ကျော်ဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD