AD
AD
AD

တချိန်က ခြူးဆိုတဲ့နာမည်နဲ့ ကလေးသရုပ်ဆောင်အဖြစ် ကျော်ကြားခဲ့တဲ့ ခြူးက သူမနဲ့ နာမည်တူပြောင်းလိုက်တဲ့အတွက် မကျေမနပ်ပြောကြားမှုအပေါ် ခြူး (ယခင်သရုပ်ဆောင်အမည် - နေအဉ္ဇရာ) က အခုလို ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

play

 

အောက်တိုဘာလ ၃၁ ရက်နေ့မနက် ၃ နာရီ ၅၅ မိနစ်မှာ ခြူး (နေအဉ္ဇရာ) က သူမရဲ့ဖေ့စ်ဘွတ်မှာ စာအရှည်ကြီးရေးသားပြီး ဖြေရှင်းခဲ့ကာ နာမည်ပြောင်းရခြင်းနဲ့ ပတ်သက်ပြီး မွေးနေ့ပွဲမှာ ရှင်းပြခဲ့တဲ့ ဗီဒီယိုဖိုင်ကိုပါ တွဲပြီး တင်ခဲ့ပါတယ်။ အဲဒီနောက် မနက် ၄ နာရီခွဲမှာ သူမက ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အခုလို ထပ်မံရေးသားထားပြန်ပါတယ်။

play

 

"နောက်တစ်ခု ကျွန်မ ရုပ်ရှင်အစည်းရုံးမှာ သရုပ်ဆောင်ပါလို့ ဆိုတဲ့ကဒ် မရှိသေးပါဘူး ကျွန်မဟာ ရုပ်ရှင်အစည်းရုံးနဲ့ ဒီနေ့ထိ တော်တော်လေး အလှမ်းဝေးပေမဲ့ မမခြူး က အရင်က သရုပ်ဆောင်ဖြစ်ခဲ့ဖူးသလို ရုပ်ရှင်အစည်းရုံးနဲ့လည်း မစိမ်းပါဘူး သူ့အမျိုးသားကလည်း တချိန်က မင်းသားတစ်ယောက်ပါ ဒါကြောင့် မမခြူးဘက်က cmt တွေမှာ သူအားကိုးထားတာတွေတွေ့ရပြီး ဘယ်လိုမျှော်လင့်ထားလည်း မသိပေမဲ့ ခြူးလေးက မပြောင်းပေးဘူးဆိုရင် ဘာဖြစ်မလဲနောက်ဆုံး အဆိုးဆုံးထိ တွေးလိုက်မယ် ဥပဒေ ကိုနားမလည်တော့ ဒီအတွက် တရားစွဲပြီး ထောင်ချလို့ရတယ်ဆိုရင်လည်း မပြောင်းရရင်ပြီးရော ရတယ် စွဲ အကျခံလိုက်မယ် ကုန်ကုန်ပြောမယ် အသေလည်းခံလိုက်မယ် လုံးဝဘဲ  ဒီကိစ္စနဲ့ပက်သက်ပြီး ကြိုက်တဲ့နေရာက ကြိုက်တာလုပ် အဖြေကတော့လုံးဝဘဲ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကို လှေကားလုပ်ပြီးတစ်ထစ်ခြင်းတက်လာခဲတာ ခုလည်း လုံးဝမပြင်နိုင်ပါဘူးရှင်" လို့ ခြူးက ရေးထားပါတယ်။

play

 

သရုပ်ဆောင်မင်းသမီးလေး နေအဉ္ဇရာဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့ကစလို့ ခြူးလို့ နာမည်ပြောင်းလိုက်တာဖြစ်ပါတယ်။

'' ညီမကျတော့လေ ရှိခဲ့တယ်ဆိုတာကို သတိမထားမိဘူး ကြားတော့ ကြားမိတယ် ဒါပေမယ့်လည်း လုပ်တာကလည်း ကြာပြီပေါ့နော်။ အနုပညာလောကထဲမှာ မရှိတော့ဘူးဆိုတော့ ဒီနာမည်နဲ့ပဲ ကလေးလည်း သရုပ်ဆောင်တယ်၊ လူကြီးလည်း သရုပ်ဆောင်ပဲ ဆိုတာကို ဟိုတလောကမှ သိလိုက်ရတာပါ။ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာက ပရိသတ် သတိထားမိတဲ့ ခြူးလေးဆိုတဲ့ နာမည်ကို သဘောကျတယ်။ ဒါကို ပြန်မပြောင်းတော့ဘူးလား ဆိုပြီးတော့ တချို့တွေက မေးကြတယ် ဆုံးဖြတ်ချက် ချပြီးသားဖြစ်တဲ့အတွက် ဒါကိုပြန်မပြောင်းချင်တော့ဘူး၊ နေ့နံအရသာခြူးလေးလို့ရေးဖို့ မသင့်တော်လို့သာ ခြူးလို့ရေးလိုက်ရတာ။ တကယ်တမ်း ကိုယ့်ရဲ့ စိတ်ထဲမှာရော၊ ပရိသတ်ရဲ့စိတ်ထဲကိုရော ပေးချင်တဲ့ နာမည်က ခြူးလေးဖြစ်နေတဲ့အတွက် မတူဘူး၊ ပြီးတော့ သူက သရုပ်ဆောင် တစ်ယောက်  အနုပညာလောကထဲက ခြူးပေါ့နော်။ ညီမကျတော့  ဇာတ်လမ်းတွဲလောကထဲက ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ အသိအမှတ်ပြုပေးတဲ့ နာမည်ခြူးလေး ဖြစ်တဲ့ အတွက် မတူဘူးလို့တော့ ထင်ပါတယ်။'' လို့  သတင်းစာရှင်းလင်းပွဲမှာ ခြူးက Duwun Media ကို ဖြေကြားခဲ့ပါတယ်။

Postby

 

ကလေးသရုပ်ဆောင် ခြူးဟာ အိမ်ထောင်ကျပြီး သမီးတစ်ယောက် ထွန်းကားနေပြီလို့လည်း သိရပါတယ်။ ခြူးဆိုတဲ့ နာမည်အပေါ် ကာကွယ်သွားချင်တာဖြစ်တဲ့အတွက် ခြူးလို့ တထပ်တည်းတူတဲ့ နာမည်မပေးဖို့ကိုတော့ ရုပ်ရှင်အစည်းအရုံးကနေ ညှိနှိုင်းသွားမယ်လို့ ကလေးသရုပ်ဆောင် ခြူးက Oasis ဂျာနယ်ကို ဖြေကြားထားတာတွေ့ရပါတယ်။

Photos : ခြူးဖေ့စ်ဘွတ်

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD