AD
AD
AD

ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ "သမ္မတကြီးထံပေးစာ" ရုပ်ရှင်ဇာတ်ကားကို တစ်လခန့် ရိုက်ကူးခဲ့ရတဲ့ ဖွေးဖွေးကတော့ ဇာတ်ကားရိုက်ကူးပြီး ချိန်မှာ ကိုယ့်ကိုကိုယ် အိုစာသွားတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးချိန်က ဇာတ်ဝင်ခန်းတိုင်းမှာ စိတ်ဖိစီးမှုတွေ များရတာကြောင့်လို့ ဆိုပါတယ်။

play

 

‘‘ဒိုင်ယာလော့ခ်အရလည်း အရမ်းမှတ်ရတယ်။ သတင်း ထောက်၊ ရှေ့နေဆိုတော့လေ။ ရှေ့နေကိုမှ ဝါသနာပါလို့ သတင်းထောက် လုပ်တာဆိုတော့ ပြော တဲ့စကားတွေကအစ ၏၊ သည် မရွေး သေချာမှတ်ရတယ်။ ပုဒ်မ တွေမှတ်ရတယ်။ ဆင်းန်ပေါ်မှာ တော့ အခက်အခဲအရမ်းနည်းပါ တယ်။ ကိုယ်ပြောရမယ့် နံပါတ် တွေကို ပါးစပ်က အမြဲရွတ်ဖြစ် တယ်။ ဖွေးက နဂိုးကတည်းက နံပါတ်မှတ်တာ အရမ်းညံ့တယ်။ နံပါတ်တွေကို အရမ်းကျက်ရ တယ်’’ လို့ သူမက ပြောပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာ ဖွေးဖွေးဟာ ရှေ့နေ၊ သတင်းထောက် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ အဲ့ဒီကားအပြီးမှာတော့ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

မုန်းစွဲ ဇာတ်ကားမှာ ပါဝင်ရတဲ့ အခန်းနည်းပေမယ့်လည်း လုပ်ကွက်တွေ ရှိတာကြောင့် ရိုက်ကူးဖို့ လက်ခံထားတာ ဖြစ်ပြီး အရွယ်နှစ်မျိုး သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

‘‘အဓိကက ကိုနေတိုးတို့ ညီ အစ်ကိုက လုပ်ကွက်ပိုရတယ်။ ဖွေးက ၁၆ ဆင်းန်ပဲပါတယ်။ အဲဒီ ၁၆ ဆင်းန်လုံးက ဟဲဗီးတွေများ တယ်။ မလုပ်ရတဲ့ ဆင်းန်မရှိဘူး။ ဖွေးက အရွယ်နှစ်မျိုးကိုမှ ငယ် ဘဝရယ်၊ အသက်ကြီးသွားတဲ့ ဘဝရယ်ပေါ့။ ကိုနေတိုးရဲ့ အမေ နေရာက သရုပ်ဆောင်ရမယ့်အ တွက် အရင်ရှေးတုန်းက အဘွား ကြီးတွေဝတ်တဲ့ ပုံစံမျိုးလေးတွေ ချုပ်ထားတယ်။ မိတ်ကပ်နဲ့ ဆံပင် က ဒါရိုက်တာဘက်က ချိတ်ထား တယ် ပြောပါတယ်။ အသံပိုင်းကို တော့ ဖွေးကျင့်ယူရမှာပေါ့။ ဖွေးက အစကတည်းက အသံလုံး သေးတဲ့သူဆိုတော့ Deep Voice ဖြစ်အောင် ကြိုးစားရမှာပေါ့’’လို့ ဆိုပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ နေတိုးနဲ့ ဖွေးဖွေးကို "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ဇာတ်ကားအပြီး သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံစေခဲ့တဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD