AD
AD
AD

သရုပ်ဆောင် ဇာဂနာ သည်းခြေအိတ်မှာ ကျောက်ပိတ်နေတာကြောင့် ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကားစလုံးကို ငြင်းလိုက်ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီဇင်ဘာမှာ ရိုက်ကူးမယ့် "အနေအထိုင်မတတ်ကြသူများ "  ရုပ်ရှင်ဇာတ်ကားကတော့ ဇာဂနာ မပါမဖြစ် ပါရမှာ ဖြစ်တာကြောင့် ရိုက်ကူးဖို့ ရက်ရွှေ့ပေးထားတယ်လို့ သိရပါတယ်။

play

 

နိုဝင်ဘာ(၁၃)ရက်နေ့မှာ ကလောတွင် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားလည်း ကျန်းမာရေး အခြေအနေကြောင့် မပါဝင်နိုင်တော့ဘူးလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၂၈)ရက်နေ့က ရေးသားထားပါတယ်။

လက်ရှိကျန်းမာရေးအခြေအနေကိုတော့ ‘‘ခွဲလို့မရသေးဘူး။ ကျွန် တော့် သည်းခြေအိတ်က နှစ်ထပ် ဖြစ်နေတာရယ်၊ ရောင်တာမကျ သေးတာရယ်ကြောင့် နောက်ထပ် ၁၀ ရက်လောက် ဆေးထိုး၊ ဆေး စားနေရဦးမယ်’ လို့ သူက ပြောပါတယ်။

play

 

သရုပ်ဆောင် ဇာဂနာဟာ ၂၀၀၅ခုနှစ်မှာ ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် မှာတော့ "အော်တိုဘုရင်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားကို ၂၀၁၇ခုနှစ် အောက်တိုဘာ(၂၀)

ရက်နေ့မှာ စတင်ပြသခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးပရိသတ်များနဲ့အတူ တွေ့ဆုံပွဲတွေလည်း ပြုလုပ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

play

 

သရုပ်ဆောင် ဇာဂနာဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာအနေနဲ့ "နော်ပဲလှော်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ စီစဉ်ထားပြီး လာမယ့် နှစ်အတွင်းမှာ ရိုက်ကူးမယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD