AD
AD
AD

မျိုးကိုကိုစန်းတစ်ယောက် မြန်မာဆန်ဆန်လေးနဲ့ လှနေပါတယ်။ ဘုရားသွားရင်းနဲ့ ခိုစားကျွေးနေတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ နာရီပိုင်းလောက် တင်ထားပါတယ်။

မြန်မာဝတ်စုံလေးနဲ့ ပုသိမ်ထီးကို စောင်းထားတဲ့ သူမရဲ့ ပုံကလေးတွေက ချစ်ဖို့ ကောင်းလှပါတယ်။

play

 

သေးသွယ်လှတဲ့ ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မျိုးကိုကိုစန်းကတော့ သူမနေချင်တဲ့ ဘဝလေးမှာ နေရလို့ ပျော်နေပါတယ်။

သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

play

 

မျိုးကိုကိုစန်း ဟာ ယောက်ျားလေး တစ်ယောက်ဖြစ်ပေမယ့် ငယ်ငယ်ကတည်းက မိန်းကလေး ဖြစ်ချင်စိတ်ရှိပြီး အသက်(၂၂)နှစ်အရွယ်မှာ မိန်းကလေး တစ်ယောက်လို ပြင်ဆင်ပြုမူနေထိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့မှာလည်း Sex ပြောင်းလဲ ခွဲစိတ်ခဲ့ပါသေးတယ်။ ယခုဆိုရင် သူမလိုချင်တဲ့ မိန်းကလေး ဘဝကို လုံးဝရောက်ရှိသွားပြီ ဖြစ်ပါတယ်။

play

 

မိန်းကလေး တစ်ယောက်လို နေထိုင်ခဲ့တဲ့ မျိုးကိုကိုစန်းဟာ ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ရိုက်ဖို့အထိ ကမ်းလှမ်းခံခဲ့ရဖူးသူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် မရိုက်ဖြစ်ခဲ့ပါဘူး။

မျိုးကိုကိုစန်း(Myo Ko Ko San) ဟာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲတွင် Crown ရရှိခဲ့ပြီး ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပခဲ့တဲ့ ဂေးအလှမယ်များသာ ယှဉ်ပြိုင်ရတဲ့ Miss International Queen 2014ပြိုင်ပွဲသို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

Postby

 

Photo  : မျိုးကိုကိုစန်း ဖေ့စ်ဘွတ်၊ Nyi Ye

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD