AD
AD
AD

ပရိသတ်များရဲ့ အချစ်တော်များဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထား သူများဖြစ်ပြီး ပြေသုဒြာနဲ့ ပြေဓိရဆိုတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားပါတယ်။

သူတို့နှစ်ဦးဟာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်များဖြစ်သလို ပရိသတ်များအားကျရတဲ့ အနုပညာရှင်များလည်း ဖြစ်ပါတယ်။

play

 

မိဘနှစ်ယောက်စလုံးဟာ ပရိသတ်များချစ်တဲ့ အနုပညာရှင်များဖြစ်ပေမယ့် သားသမီးနှစ်ယောက်စလုံးကိုတော့ အနုပညာလောကထဲကို မဝင်စေချင်တော့ဘူးလို့ အိန္ဒြာကျော်ဇင်က  ရင်ဖွင့်လိုက်ပါတယ်။ အိန္ဒြာကျော်ဇင်အနေနဲ့ကော ပြေတီဦးရဲ့ သဘောထား အနေနဲ့ကော ကလေးတွေကို အနုပညာလောကရဲ့ ဖိအားတွေကို မခံစေချင်သလို သူတို့ဘဝလေးတွေကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းစေချင်တယ်လို့ ဆိုလိုက်ပါတယ်။

play

 

ဒါပေမယ့်လည်း ကလေးတွေမှာ အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာအရမ်းပါနေရင် မိဘတွေအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမှာပါလို့ 7day TV ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

play

 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ နှစ်ဦးဟာ လက်ရှိမှာ "ရင်ဘက်ထဲကဓား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှု ရရှိထားပြန်ပါသေးတယ်။ ယင်းရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့ပြီး အိန္ဒြာကျော်ဇင်ကိုတော့ ပရိသတ်တွေက အကယ်ဒမီ ရရှိဖို့ကို မျှော်မှန်းထားကြပါသေးတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ နှစ်ဦးဟာ  ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

 

Postby

Photo : ပြေတီဦး + အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD