AD
AD
AD

ထောင့်မကျိုးတဲ့ ကောင်လေးတစ်ယောက်နေရာက ပါဝင်ရမယ့် မင်းသွေးကတော့ ကာရိုက်တာနဲ့ ထပ်တူကျဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီကာရိုက်တာကတော့ မုန်းစွဲ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ရမယ့် ထူးမော်ဆိုတဲ့ ကောင်လေးနေရာက ပါဝင်ရမှာပါ။

အဲ့ဒါကြောင့်လည်း သူ့သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက် စိတ်နှစ်ပြီး ကြိုးစားနေတာကြောင့် ဒီကြားထဲ ဖိတ်ထားတဲ့ ပွဲတွေနဲ့ လူမှုရေးတွေ ပျက်ကွက်ခဲ့ရင် တောင်းပန်တယ် ဆိုပြီးပြောထားပါသေးတယ်။

play

 

"ပထမတော့ ဒီစာကို မရေးတော့ဘူးလို့နေတာပါ

ဒါပေမယ့်

ပြောပြသင့်တယ်ထင်လို့ ရေးလိုက်ရပါတယ် ခင်မျာ ✌ 

ကျွန်တော် ၅ ရက်နေ့မှာ စတင်ရိုက်ကူးမယ့် #မုန်းစွဲ ဇာတ်ကားမှ #ထူးမော် ဆိုတဲ့ကာရိုက်တာအတွက် ဒီလူ့ရဲ့ စိတ်နဲ့ ကြိုးစားနေထိုင်တော့မှာ ဖြစ်တဲ့အတွက်

ဖိတ်ထားတဲ့ပွဲတွေ၊လူမှု့ရေးတွေ ပျက်ကွက်ခဲ့ရင် ကြိုတောင်းပန်ထားပါတယ် ၊

#ထူးမော် ဆိုတဲ့ လူက ထောင့်မကျိုးတဲ့ကောင်ဆိုတော့

တွေ့တဲ့နေရာ ရိုက်သတ်ချင်မှာ ဆိုးလို့ အပြင်ထွက်ဖြစ်တော့မှာ မဟုတ်လို့ပါ ခင်မျာ ✌ 

အားနာစွာဖြင့်" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

မုန်းစွဲ ဆိုတဲ့ ဇာတ်ကားကတော့ အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်စာအုပ်ဖြစ်တဲ့  " အသေလှတဲ့သူ" အကြောင်းကို ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ယင်းဇာတ်ကားကို 7 Sense Flim Production  ကနေ ထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ မုန်းစွဲ ဇာတ်ကားကိုတော့ နိုဝင်ဘာ(၅)ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှတော့ သရုပ်ဆောင် နေတိုး(အကယ်ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

 

Postby

Ph oto : မင်းသွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD