AD
AD
AD

ပရိသတ်တွေရဲ့ အချစ်တော် ခင်လှိုင်တို့ မိသားစုကတော့ အိမ်မှာ စတုဒီသာကျွေးမွေးခဲ့ပါတယ်။ ဒီနေ့ (နိုဝင်ဘာ၂ရက်) နေ့လည်(၁၁)နာရီလောက်ကစပြီး သုဝဏ္ဏ၊ ပေါ်ဆန်း(၁)လမ်း၊ အမှတ်(၁၃/၆) အိမ်ရှေ့မှာ အုန်းနို့ခေါက်ဆွဲ စတုဒီသာကျွေးခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ(၁)ရက်နေ့ကလည်း ပရိသတ်တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ယခုလို ဖိတ်ခေါ်ခဲ့ပါသေးတယ်။

play

 

"မနက်ဖြန်နေ့ လည်၁၁နာရီမှာကျွန်တော်တို့ ရဲ့ သုဝဏ္ဏ ပေါ်ဆန်း(၁)လမ်းရဲ့ အမှတ်၁၃/၆ အိမ်ရှေ့ မှာ အုန်းနို့ ခေါက်ဆွဲစတုဒီသာကျွေးမှာဖြစ်ပါတယ်။

Ve Veမှလည်းအချိုရည်ဗူးများပါဝင်လှူဒါန်းပေးပါတယ်။ ၁၁နာရီမှစပြီးအဝလာစားလို့ ရပါတယ် အများကြီးချက်ထားပါတယ်။ အားလုံးကိုဖိတ်ပါတယ်။

play

 

Ve Veအချိုရည်များလှူဒါန်းပေးပါသော ကိုရွှေမန်းWai Minn Maungနှင့်Ve Veမိသားစုကိုလည်းကျေးဇူးတင်ပါတယ်..." ဆိုပြီး ပြောထားတာပါ။

ဒီနေ့မှာတော့ သူ့ရဲ့ပရိသတ်တွေအပြင် ဟာသအနုပညာရှင်တွေပါသာ  စတုဒီသာအလှူကို သွားရောက်ခဲ့ကြပါတယ်။

play

 

ပျော်စရာကောင်းလှတဲ့ သူတို့မိသားစုလေးရဲ့ အလှူပုံရိပ်များကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD