AD
AD
AD

သားသား Austin လေးနဲ့အတူ ပထမဆုံး မိသားစု ခရီးထွက်ဖြစ်တာဖြစ်ပါတယ်။ မိသားစု ခရီးလေးကိုတော့ ထိုင်းနိုင်ငံကို သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားနေတဲ့ ပုံလေးတွေကိုလည်း မိုးယုစံရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ ဓာတ်ပုံလေးတွေနဲ့အတူ ယခုလို စာသားလေးလည်း ရေးသားထားပါတယ်။

play

 

"သားသားနဲ့ မိသားစု ပထမဆုံး holiday tripလေးပါ Austinလည်လည်သွားတဲ့ပုံလေးတွေနောက်နေ့ထပ်တင်မယ်နော်   သားသားကိုချစိသော မိုးယုချစ်ပရိသတ်များအတွက် အမြဲလည်း thanksပါ" ဆိုပြီး ပြောထားပါတယ်။

ပရိသတ်တွေကလည်း သားသားလေး လေယာဉ်စီးလို့ ရရဲ့လားဆိုပြီလည်း မေးထားကြပါသေးတယ်။ မိုးယုစံကလေး ပရိသတ်တွေရဲ့ ကောမန့်လေးတွေကိုလည်း စိတ်ရှည်ရှည်နဲ့ ပြန်ဖြေထားတာ တွေ့ရပါတယ်။

play

 

မိုးယုစံတို့မိသားစုကတော့ သားသားလေးနဲ့အတူ ထိုင်းနိုင်ငံကို အလည်အပတ်သွားနေတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးယုစံရဲ့ သားလေး Austin ကိုတော့ သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီလောက် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးဖွားချိန်မှာ ရှစ်ပေါင်နဲ့ သုံးအောင်စရှိခဲ့ပါတယ်။

play

 

သားဦးလေးကို မွေးရမယ့် ရက်ထက် သုံးရက်စောပြီး မွေးခဲ့တာလည်း ဖြစ်ပါတယ်။

မိုးယုစံရဲ့ သားလေး Austin ဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေကို အချစ်ကို ရရှိထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။မိုးယုစံက သားလေး Austin ကို သုံးလပြည့်တော့မှ မြန်မာနာမည်ပေးမယ်လို့ သြဂုတ်လ(၂၆)ရက်နေ့က ရေးထားတဲ့ ပို့စ်အရ သိရပါတယ်။

play

 

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မိုး ယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

 

Postby

 

Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD