AD
AD
AD

အဆိုတော်ကြီး ဇော်ဝင်းထွဋ်တို့ မိသားစုရဲ့ ထီးတင်ပွဲအလှူမင်္ဂလာကို နိုဝင်ဘာ(၆)ရက်နေ့က မုန်တိုင်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

 မိတ္ထီလာမြို့နယ် ၊ ရှေးဟောင်း ယဉ်ကျေးမှု ဇုံအမှတ်(၂)မှာရှိတဲ့ ရွှေဘုံသာစေတီ၊ ငွေဘုံသာစေတီနဲ့ ပြည်လုံးချမ်းသာစေတီတော်တို့အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပွဲနဲ့ ဗုဒ္ဓါဘိသေက အနေက ဇာတင်မင်္ဂလာအခမ်းအနားကို ဇော်ဝင်းထွဋ်တို့ မိသားစုအပြင်အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။

play

 

အလှူထဲမှာတော့ ဇောဝင်းထွဋ်တို့မိသားစုအပြင် အဆိုတော် Rဇာနည်တို့ မိသားစုတို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ထီးတော်တင် အလှူမှာတော့ ဇော်ဝင်းထွဋ်မိသားစုလေးတွေကို စုံစုံလင်လင်တွေ့မြင်ရမှာပါ။

ထီးတော်တင်အလှူပွဲမှာတော့ ဇော်ဝင်းထွဋ်ရဲ့ မြေးမလေး ကေသရာထွဋ်လေးပါ ပါဝင်တာ တွေ့ရပါတယ်။

play

 

မြေးမလေး ကေသရာထွဋ်လေးကလည်း ဖိုးဖိုး ဇော်ဝင်းထွဋ်နဲ့အတူ ပျော်ပျော်ပါးပါး ထီးတောင်တင်နေတဲ့ ပုံလေးတွေကလည်း ချစ်ဖို့ကောင်း လှပါတယ်။

မိသားစုတွေ စုံစုံလင်လင်နဲ့အလှူဒါနပြုနေတဲ့ ပုံရိပ်လေးများကိုလည်း ပရိသတ်များအတွက် ပြန်လည် ဝေမျှပေးလိုက်တယ်နော်။

play

 

အလှူမှာ အဆိုတော် R ဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း တွေ့ရပါသေးတယ်။ Rဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်းကတော့ အခုဆိုရင် ဒုတိယ ကိုယ်ဝန်လေးကိုလည်း လွယ်ထားနေရပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ကတော့ (၆)လခန့် ရှိပြီလို့ သိရပါတယ်။

play

 

ဒုတိယရင်းသွေးလေးဟာလည်း ယောက်ျားလေးလို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားဖြစ်သူကတော့ အသက်(၈)နှစ်အရွယ်ရှိနေပြီး ဒုတိယတန်း တက်ရောက်နေတယ်လို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ အိမ်ထောင်သက်ကတော့ (၁၃)နှစ်ရှိပြီလို့ သိရပါတယ်။

အဆိုတော် R ဇာနည်တို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်တယ်နော်။

Postby

 

Photo : ဝင်းထွဋ်တာရာ ဖေ့စ်ဘွတ်၊ အေးဇော်မိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD