AD
AD
AD

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ဒီနေ့ (နိုဝင်ဘာလ ၇ ရက်)နေ့မှာ သဘာဝအတိုင်း မီးဖွားလိုက်တယ်လို့ သိရပါတယ်။

play

 

သားလေးကို မွေးဖွားပြီဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက သူမရဲ့ဖေ့စ်ဘွတ်မှာ ညနေ ၆ နာရီ ၄၇ မိနစ်က ရေးသားပြောပြခဲ့တာဖြစ်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်စကားပြောကြားရင်း အမှတ်တရဓာတ်ပုံလေးတွေကိုလည်း သူမက တင်ထားပါတယ်။

သဉ္ဇာနွယ်ဝင်းဟာ သားလေးကို ဝိတိုရီယဆေးရုံမှာ မွေးဖွားလိုက်တာဖြစ်ပါတယ်။

play

 

သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံဟာ ကလေး ၃ ယောက် ဆက်တိုက်ယူဖို့ စဉ်းစားထားလို့ ရိုးရိုးပဲမွေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောခဲ့ဖူးပါတယ်။။

"‘‘ရိုးရိုးမွေးလို့ရှိရင် တစ်နှစ် လောက်နေပြီးရင် ကလေးထပ်ယူ လို့ရတယ်။ ခွဲမွေးရင်က ၂ နှစ်၊ သုံးနှစ်လောက်နေမှ ထပ်ယူလို့ရတယ်ဆိုတော့ ကိုယ်က ကလေးကို သုံးယောက်ယူချင်တာဆို တော့ ကလေးကို တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာချင်လို့ တစ်ခါတည်း ပေါင်းထိန်းလိုက် ချင်လို့ပါ" လို့ သူမက 7day Daily ကို ဖြေဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် မေလ ၂၂ ရက်နေ့ကစပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးရတနာ လေးလွယ်ထားရပြီ ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။

Photos : သဉ္ဇာနွယ်ဝင်းဖေ့စ်ဘွတ်၊ My Dream

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD