AD
AD
AD

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသတဲ့ နေ့မှာ ပါဝင်တဲ့ အနုပညာရှင်များနဲ့ စုံတွဲ ပွဲတက်ခွင့်ရမယ့် ပရိသတ်များကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

အဲ့ဒီ ဇာတ်ကားမှာ ပါဝင်တဲ့ နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင်တို့နဲ့အတူ ပွဲတက်ခွင့်ရမယ့် ပရိသတ်များကို ပက်ပက်စက်စက်ညှို့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ကြေညာထားတာကို တွေ့ရပါတယ်။

 

အနုပညာရှင်များနဲ့အတူ ပွဲတက်ခွင့်ရမယ့် ကြေညာချက်ကို နိုဝင်ဘာ(၂)ရက်နေ့က ပက်ပက်စက်စက်ညှို့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ကစပြီးတော့ ပရိသတ်များယှဉ်ပြိုင်မှုများကို အဆင့်ဆင့်ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ယောက်ျားလေး (၁)ဦးမှာ မိုးစက်ဝိုင်နဲ့တွဲဖက်ရမှာ ဖြစ်ပြီး မိန်းကလေး(၂)ဦးမှာ နေတိုး၊ရွှေထူးတို့နဲ့အတူ တွဲဖက်ကာ ပွဲတက်ခွင့်ရမှာ ဖြစ်ပါတယ်။

play

 

''ပက်ပက်စက်စက်ညှို့''ရုပ်ရှင်ဇာတ်ကားအထူးပွဲနေ့မှာ ရွှေထူးနဲ့အတူ ပွဲတက်ခွင့်ရရှိခဲ့သူကတော့ ရွှေထူးရဲ့ ပရိသတ်များစွာထဲက ထွယ်အောင်ကို ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ထွယ်အောင်ကတော့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး အသက်(၂၀)လို့ သိရပါတယ်။

play

 

နေတိုးနဲ့အတူ ပွဲတက်ခွင့်ရရှိမယ့်သူကိုလည်း နေတိုးကိုယ်တိုင်က မဲနှိုက်ရွေးချယ်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲဝင်အမှတ်(၆၁) ခင်ပပအောင်က ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

မိုးစက်ဝိုင်နဲ့အတူ တွဲကာ ပွဲတက်ခွင့်ရရှိသူကိုတော့ ပက်ပက်စက်စက်ညှို့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။

play

 

ထိုသုံးဦးအပြင် ပြိုင်ပွဲကနေ Like အများဆုံး ရရှိသူ အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား(၃)ဦးလည်း ရှိပါတယ်။ သူတို့(၆)ဦးကတော့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား Press Show နေ့မှာ အထူးဧည့်သည်တော်များအနေနဲ့ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကတော့ ၁) မေနန္ဒ (စမ်းချောင်း).၊ (၂) သက်ထားခိုင် (မန္တလေး)၊ (၃) သိမ့်သီရိဇေ (စမ်းချောင်း) နဲ့ (၁) စိုင်းဇင်လင်းဦး (လှိုင်ကော်)၊ (၂) ရှိုင်းထွဋ်ဇော် (လှိုင်) ၊ (၃) စိုင်းမင်းသန့် (တောင်ကြီး)တို့ ဖြစ်ကြပါတယ်။

Postby

 

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲ ပြသပွဲကိုတော့ နိုဝင်ဘာ(၁၃)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ(၁၇)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Photo : ပက်ပက်စက်စက်ညှို့ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD