AD
AD
AD

လူငယ်အဆိုတော် မိစန္ဒီကတော့ ကရင်ပြည်နယ်ကို ရောက်နေပါတယ်။ ကရင်ပြည်နယ်ကို ရောက်နေတဲ့ သူမက ကရင်အင်္ကျီလေး ဝတ်ပြီး ဓာတ်ပုံလေးရိုက်ကာ "ကရင် ပြည်နယ်ရောက် မွန်မလေးတစ်ယောက်" ဆိုတဲ့ စာသားလေးနဲ့အတူ သူမရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

မိစန္ဒီကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ သီဆိုဖြစ်နေသလို သီချင်းတွေလည်း ရေးနေတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သူမကိုယ်တိုင်ရေးထားတဲ့ အင်္ဂလိပ်သီချင်းလေး တစ်ပုဒ်ကို တင်ခဲ့ပါသေးတယ်။

သီချင်းလေး နာမည်က **730 Days**လို့ ပေးထားပါတယ်။

Postby

 

အဲ့ဒီသီချင်းလေးကို နိုဝင်ဘာ(၅)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ဖြစ်ပြီး ယခုလို စာသားလေးကိုလည်း ရေးသားထား ပါတယ်။

"မိစန္ဒီ ဘဝမှာ ပထမဆုံး English လို ကိုယ်​တိုင်​​ရေး/ဆို ထားတဲ့ သီချင်း​လေး..

ပြီးခဲ့တဲ့၂နှစ်​ (ရက်​​ပေါင်း ၇၃၀) မှာ ကြည်​နူးခံစားရတဲ့ အချစ်​နဲ့ ပတ်​သတ်​ပြီး ​ရေးထားတဲ့ သီချင်း​လေးပါ..

ပထမဆုံး တခြား ဘာသာစကားနဲ့ ​ရေးဆိုထားတာမို့လည်း အမှားပါရင်​ ခွင့်​လွှတ်​ပါ​နော်​.. " ဆိုပြီး ပြောထားပါတယ်။

play

 

အဲ့ဒီသီချင်းလေးကို သူမကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး ကြည့်ရှုသူ (၄)သိန်း ကျော်ရှိခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ သီချင်းလေး တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။

မိစန္ဒီကတော့ လူငယ်ပရိသတ်တွေကြား ရေပန်းစား အောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

Photo : မိစန္ဒီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD