AD
AD
AD

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်ကတော့ Miss Universe ပြိုင်ပွဲကြီးအတွက်  နိုဝင်ဘာ(၉)ရက်နေ့ ညပိုင်းက ရန်ကုန်လေဆိပ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ Las Vegas မြို့မှာ ကျင်းပမယ့် Miss Universe 2017 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မယ့်အလှမယ် ဇွန်သံစဉ်ကိုလည်း Miss Universe Family များက ပျော်ပျော်ရွှင်ရွှင်နဲ့လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။

play

 

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်ကတော့ ပြိုင်ပွဲကို မသွားခင် လေဆိပ်မှာ ပရိသတ်တွေအတွက် အားတတ်စေမယ့် စကားတစ်ခွန်းကို Duwun Media က ယခုလို ပြောပြခဲ့ပါတယ်။

" ပြိုင်ပွဲအတွက် ရင်ခုန်မှုဆိုတာထက် ဘယ်လိုမျိုး အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်မလဲဆိုတဲ့ စိတ်ကိုပဲ ထည့်ထားပါတယ်။ပြိုင် ပွဲမှာ အကောင်းဆုံး ဖြစ်အောင် စိတ်နှစ်ပြီးတော့ ကြိုးစားယှဉ်ပြိုင်သွားပ့ါမယ် ။ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ညီမအတွက် ခွန်အားပါ။ အားပေးတဲ့ ပရိသတ်တွေတွက် အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့

မြန်မာနိုင်ငံကနေ ၅နှစ်မြောက် ယှဉ်ပြိုင်တဲ့ အခါမှာညီမဆုတစ်ခုဆု ဒါမှမဟုတ် နေရာတစ်ခုခုရအောင် ကြိုးစားပြီး ပြန်လာခဲ့ပါမယ်" လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

play

 

မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ဇွန်သံစဉ်ရဲ့ Nation Costume ကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေတဲ့ ဝတ်စုံတစ်ခုဖြစ်ပါတယ်။မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို အခြေခံထားတာဖြစ်ပြီး သိန်းတစ်ရာကျော် အကုန်ကျခံ ချုပ်လုပ်ထားတဲ့ ဝတ်စုံပါ။

အလှမယ် ဇွန်သံစဉ် ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများရဲ့ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင် ဖန်တီး ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။မင်းသမီးဝတ်စုံရဲ့ အဆင်တန်ဆာများကိုလည်း မြန်မာ့လက်မှု ရွှေခြည် ထိုးနဲ့ ပြုလုပ်ပြီး ရွှေသားစစ်စစ်များ ထည့်သွင့း်အလှဆင်ထား တယ်လိုက သိရပါတယ်။ ဝတ်စုံကိုတော့ ဒီဇိုင်နာ ဒေါ်သဇင်ခင်က ချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ် သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲကြီးဟာဆိုရင်  အမေရိကန် နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့မှာ   နိုဝင်ဘာ(၂၆)ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD