AD
AD
AD

ဇာတ်ကားတွေမှာ မိန်းမလျာဇာတ်ရုပ်နဲ့ သရုပ်ဆောင်တဲ့ ရဲလေးမ ဆိုရင် မသိတဲ့သူမရှိပါဘူး။  အဲ့လိုမျိုး ပရိသတ်တွေနဲ့ ရင်းနှီးနေပြီ ဖြစ်တဲ့ ရဲလေးမဟာ မိန်းမလျာ ဘဝကို ခံယူလိုက်တဲ့ ဇာတ်ပို့ သရုပ်ဆောင် ရဲလေးမက မိန်းမလျာ ဇာတ်ရုပ် ရိုက်ရလို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စကားလေးကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

"မိန်းမလျှာဇာတ်ရုပ်ကိုရဲလေးမ ရိုက်ရလို့ ဝမ်းလည်းသာတယ်ပီတိ လည်းဖြစ်တယ် အခုဆိုရင် ကိုယ်လိုပဲနိုင်ငံကျော်မင်းသားတွေလည်းတစ်ဒေါင့်တစ်နေရာတစ်ဌာန

ဆေးစက်ကြရာအရုပ်ထင်ကြရသလိုနိုင်ငံကျော်ဇာတ်ပို့ သရုပ်ဆောင်တွေလည်း ဒီဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ကြတာကို အပျော်ပီတိလေးနဲ့ ဂုဏ်ယူစွာမျှဝေပေးတာပါလို့နော်" လို့ ရေးသားထားပါတယ်။

အဲ့ဒီစာလေးနဲ့အတူ ယခုလို ပုံလေးတွေလည်း တင်ထားပါတယ်။

play

 

အိုင်းစ်၊ ဝုန်တယ်တော့ စတဲ့ စကားလုံးတွေနဲ့အတူ ပရိသတ်တွေ လက်ခံလာတဲ့သူ ရဲလေးမဟာ ရိုက်ကွင်းတွေမှာ ဖြတ်လျှောက်ဘဝကနေ အနုပညာလောကမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟာသရုပ်ဆောင်ကနေ ရဲလေးမကတော့ ယခုဆိုရင်  မိန်းမလျှာ ဇာတ်ရုပ်တွေပဲ သရုပ်ဆောင်ရင်း၊ ဒီဘ၀ထဲမှာပဲ ပျော်နေပါပြီလို့ အင်တာဗျူး တွေ တော်တော်များများ ဖြေဆိုဖူးပါတယ်။

 

play

 

သရုပ်ဆောင် ရဲလေးရဲ့ ဘဝကို မေ့လိုက်ပြီး ရဲလေးမဘဝကို ခံယူလိုက်တာလည်း ဖြစ်ပါတယ်။

Postby

 

Photo : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD