AD
AD
AD

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ဒီနေ့(နိုဝင်ဘာ ၁၂)လေးမှာ ရှုတင်ကိုသွားရင်းနဲ့ လမ်းမှာ ကုသိုလ်ယူခဲ့တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

ရှုတင်သွားတဲ့လမ်းမှာ မီးပွိုင့်လေးမိနေတုန်း ရေသန့် ရောင်းနေတဲ့ ကလေးလေးကို လှမ်းခေါ်ပြီး အရုပ်လေး ပေးခဲ့တာပါတဲ့။ သူမကတော့ အရုပ်လေးတွေကို အမြဲတမ်း ကားထဲ ထည့်ထားတတ်ပြီး ကလေးလေးတွေ တွေ့ရင် ပေးဖြစ်တယ်ဆိုပြီးတော့ ပြောထားပါတယ်။

play

 

"ရူတင်အသွားကုသိုလ်..မီးပွိုင့်မိတုန်းလေး ရေသန့်ရောင်းနေတဲ့ ကလေးလေး ကိုလှမ်းခေါ်ပြီး အရုပ်လေးပေးခဲ့တယ်..အရုပ်တွေအားလုံး အသစ်တွေချည်းပဲ..ကားခဲအမြဲထည့်ထားတာ.ကလေးတွေတွေ့ရင် ပေးချင်လို့..ခနလေးပဲဖြစ်ဖြစ်ပျော်သွားတာမြင်ရင်တောင် သူတို့အပျော် ကိုယ့်ဆီကူးစက်သွားတယ်.." ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။

play

 

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရောက် ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦး ဖြစ်ပါတယ်။

ပရဟိတပိုင်းကို ဝါသနာပါသူ တစ်ယောက်အနေနဲ့ ကြုံတဲ့နေရာတိုင်းမှာ ပရဟိတလုပ်တတ်တဲ့ သူမရဲ့ စိတ်ဓာတ်ကိုတော့ ပရိသတ်တွေက လေးစားမဆုံး ဖြစ်လို့ နေပါတယ် ။

play

 

ခိုင်နှင်းဝေကတော့ ပြီးခဲ့သော လပိုင်းလောက်က သွေးလုံးသားလုံး  (Myoma) ရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ ခွဲစိတ်ကုသမှု ကို SSC Women's Canter မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇူလိုင်(၈)ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ဇူလိုင်(၉)ရက်နေ့ နံနက်ပိုင်းမှာ ခွဲစိတ်ကု သမှု ခံယူခဲ့ရပါတယ်။

အခုနောက်ပိုင်းမှာတော့ ကျန်းမာရေး ပြန်ကောင်းလာပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။

Postby

 

Photo : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD