AD
AD
AD
play

 

"အသက်ရှည်ဆေး" သီချင်းဝယ်ဆိုမိလို့ တောင်းပန်လိုက်တဲ့ မနော

အသက်ရှည်ဆေးဆိုတဲ့ သီချင်းလေးကို မနောသီဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီးနောက် ဝေဖန်မှုတွေ များစွာကို ခံနေပါတယ်။ တေးရေးဆရာ သဟာအောင်ရေးသားထားတဲ့ "အသက်ရှည်ဆေး" ဆိုတဲ့ သီချင်းကို မနောက ဝယ်ယူသီဆိုခဲ့ပေမယ့် မနောမတိုင်ခင် မြန်မာသံစဉ် အဆိုတော် တစ်ယောက်က သီဆိုဖူးတာကြောင့် ပရိသတ်တွေ တချို့က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

play

 

အနားမှာ တစ်ချိန်လုံး လိုက်ကပ်နေတဲ့ သူကို ထုတ်ပြလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းကတော့ သူ့နားမှာ တစ်ချိန်လုံး လိုက်ကပ်နေတဲ့ ကောင်လေး တစ်ယောက်ကို ထုတ်ပြလိုက်ပါတယ်။ အဲ့တစ်ယောက်ကတော့ ပရိသတ်တွေလည်း မြင်ဖူးနေတဲ့သူပါ။ အဆိုတော် အောင်လဖြစ်ပါတယ်။

အောင်လနဲ့ ဝိုင်းစုတို့ နှစ်ယောက်ဟာ အခုနောက်ပိုင်း အတူတူ ခရီးတွေ ထွက်ဖြစ်နေတာလည်း တွေ့ရပါတယ်။ သူတို့ ချစ်သူနှစ်ဦး ခရီးသွားထားတဲ့ ပုံလေးတွေ အားလုံး ကို စုစည်းထားပြီးတော့ ဝိုင်းစုရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ ဖြစ်ပါတယ်။

play

 

ကမ္ဘာကြီး ၁၅၆ လုံးစာလောက် လွမ်းတယ်လို့ ဆိုလိုက်တဲ့ ရွှေမှုံရတီ

ရွှေမှုံကတော့ သူလွမ်းတဲ့အကြောင်းကို ပြောလိုက်ပါတယ်။ ကမ္ဘာကြီး ၁၅၆ လုံးစာလောက်ကို လွမ်းတယ်ဆိုပြီးတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးလိုက်တာ ဖြစ်ပါတယ်။

သူမတကယ်လွမ်းနေတာ ဘယ်သူတွေ ဖြစ်မလဲ။ သူတကယ်လွမ်းနေတဲ့သူကတော့ သူမရဲ့ We Love တွေပဲ ဖြစ်ပါတယ်။

play

 

National Director ဒေါ်စိုးယုဝေကို တရားစွဲဆိုလိုက်တဲ့ ရွှေအိမ်စည်

အလှမယ် ရွှေအိမ်စည်ကတော့  Miss Universe Myanmar Orginazationရဲ့ National Director ဖြစ်သူ ဒေါ်စိုးယုဝေကို တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။

တရားစွဲဆိုမှုကိုတော့ ယခင်ထဲက ပြုလုပ်မယ်လို့ ရွှေအိမ်စည်ပြောထားတဲ့အတိုင်း တရားစွဲဆိုလိုက်တာ ဖြစ်ပြီး နိုဝင်ဘာပထမပတ်ထဲမှာ စတင်အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD