AD
AD
AD

ရွှေထူးကတော့ သူ့ရဲ့ အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးလဲဆိုတာ ပြောပြပါခဲ့ပါတယ်။ အားလပ်ချိန်တွေကို သီးသန့်ဖယ်ထားတာ မျိုးမရှိပေမယ့် လည်း အားတဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ နေပြီး Dota ခုတ် တာမျိုး မုန်းစားတာမျိုး လုပ်တတ်တယ်လို့ ပြောပါတယ်။

play

 

"ကျွန်တော့်အားလပ်ချိန်မှာ အိမ်မှာ သူငယ်ချင်းတွေနဲ့နေ တယ်။ Dota ခုတ်တယ်။ အပြင် မှာ မုန့်လေးဘာလေးသွားစား တယ်။ ဘယ်ရက်က အားလပ်ရက် ဆိုပြီး သီးသန့်ဖယ်ထားတာမျိုးတော့ မရှိဘူး။ ကျွန်တော်ပွဲများရင် နား ချိန်မရှိသလောက်ပဲ။ ခရီးသွားတဲ့ အချိန် ကားပေါ်မှာနားပေါ့။ ဒီ လောက်ပါပဲ။ မိုးတွင်းမှာ ခရီး လည်း ထွက်တယ်။ ဒါပေမဲ့ သီချင်းလုပ်ဖြစ်တာများတယ်။ ကျွန်တော့် မှာ အပေါင်းအသင်းအရမ်း နည်း တယ်။ အားလုံးပေါင်းမှ ကိုး ယောက်၊ ၁၀ ယောက်ပေါ့။ သူတို့ နဲ့ပဲ အတူတူနေဖြစ်တယ်။ အချိန် ကုန်ဖြစ်တယ်’’လို့သူက 7day Daily မှာ ပြောပြထားပါတယ်။

play

 

ရွှေထူးကတော့ လူငယ်ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် "ပက်ပက်စက်စက်ညှို့" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင် နေတိုး၊ မိုးစက်ဝိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ အဲ့ဒီဇာတ်ကားကြီးအတွက် စိုးရိမ်စိတ်တွေလည်း ရှီနေခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကြောင့် ရုပ်ရှင်ရဲ့ ရသပျက်မှာ စိုးရိမ်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားတာ ဖြစ်ပါတယ်။

play

 

"ပက်ပက်စက်စက်ညှို့  ၁၇.၁၁.၂၀၁၇ မှာစတင်ရုံတင်ပါတော့မယ်။ ကျွန်တော့်ရဲ့နောက်ထပ်ကြိုးစားမှုတစ်ခုပါ။ ရင်ခုန်တာထက် စိုးရိမ် စိတ်တွေပဲဖြစ်တယ် ။

ကျွန်တော့်ကြောင့် ရုပ်ရှင်ရသပျက်မှာကို စိုးရိမ်တယ် ။ ကျွန်တော် ချွတ်တားဘဝတည်းက ကြည့်ခဲ့ဖူးတဲ့ ... တစ်အိမ်သားလုံးလဲ သဘောကျရတဲ့ ပရိသတ်တွေချစ်ကြတဲ့ မင်းသားကြီးတစ်ယောက်နဲ့ သရုပ်ဆောင်ရတာ တကယ့်ကို ကျွန်တော့်အတွက် ခက်ခဲလွန်းခဲ့ပါတယ် ။ လိုအပ်ချက်တွေ အများကြီးကိုရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ကြောင့် ရုပ်ရှင်တစ်ကား အရသာပျက်မှာ အရမ်းကို စိုးရိမ်လှပါတယ် ။

လိုအပ်ချက်များစွာကိုထောက်ပြပေးပါ ... ဝေဖန်ပေးပါ ... အကဲဖြတ်ပေးပါ မည်သည့်ဝေဖန်ချက်မျိုးမဆိုကျွန်တော်ကြိုဆိုပါတယ်ခင်ဗျာ အမှားယွင်းများရှိခဲ့လျှင် ရုပ်ရှင်ချစ်ပရိသတ်များအားလုံးကိုကြိုတင်တောင်းပန်ပရစေခင်ဗျာ ..."လို့ ဆိုထားပါတယ်။

play

 

ရွှေထူးဟာ 7 Sense  Film Production နဲ့ အတူ အနုပညာအလုပ်တွေအတူတကွ လုပ်ဆောင်နိုင်ဖို့အတွက် ၂ နှစ်တာ စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Postby

 

Photo : ရွှေထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD