AD
AD
AD

အနုပညာအလုပ်တွေကို အင်တိုက်အားတိုက်နဲ့ ပြန်လည်လုပ်ကိုင်လာတဲ့ ရဲလေးရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မကြာခင်အချိန်အတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာ(၂)ရက်နေ့ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။

play

 

အဲ့ဒီအတွက် လက်မှတ်များကိုလည်း ရောင်းချတော့မှာ  ဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်ကိုတော့ Standard ၊ VIP ၊ VVIP ဆိုပြီးတော့ သုံးမျိုး ခွဲထားပါတယ်။

Standard ကိုတော့ ဈေးနှုန်း ၉၀၀၀ကျပ် ၊ VIP ကိုတော့ ၂၀၀၀၀ကျပ်၊ VVIP ကိုတော့ ၃၀၀၀၀ ကျပ် ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

play

 

လက်မှတ်တွေကိုတော့ (၁၁)လပိုင်း(၁၄) ရက်နေစပြီး ရောင်းချသွားမှာ ဖြစ်ကာ လက်မှတ်တွေကိုတော့ CITY MART (yankin center , မြေနီကုန်း)၊ မန်းသီရိ တေးသံသွင်း၊ SNW Music Store၊ GENIUS clothing၊ OMG clothing၊ CAPITAL A ၊ LIQUOR 46၊ MYANPWEL Ticketing (myanpwel.com)၊ 1876၊  တို့မှာဝယ်ယူရရှိနိုင်သလို လက်မှတ်ရရှိနိုင်တဲ့ ဆိုင်တွေကိုတော့ ရဲလေးတို့ရဲ့ YLJK Entertainment ဖေ့စ်ဘွတ်ပေ့ခ်ျမှာ အသေးစိတ်ရေးသားဖော်ပြပေးထားပါတယ်။

Postby

 

ဒါ့အပြင် ဒီတစ်ခါ ပြုလုပ်မယ့် ဖျော်ဖြေပွဲကတော့ သူ့ရဲ့ ဂီတသက်တမ်း(၁၅)နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်တာကြောင့် ပရိသတ်များ ရင်ခုန်ရမယ့် ဖျော်ဖြေပွဲအစီအစဉ်များလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Photo : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD