AD
AD
AD

အိမ့်ချစ်ကတော့ နိုဝင်ဘာ(၁၄) ရက် Philippines မှာ ကျင်းပပြုလုပ်တဲ့ Asean Music Festival 2017 ပွဲမှာ သီချင်းဖျော်ဖြေဖို့ အတွက် Philippines ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ ဖျော်ဖြေပွဲကတော့ ပျက်သွားခဲ့ပါတယ်။ Asean Music Festival ပွဲကို သတ်မှတ်ထားတဲ့ လူဦးရေထက် များစွာ ရောက်ရှိလာခဲ့တာကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ အိမ့်ချစ်က ပြောပြထားပါတယ်။

play

 

နိုင်ငံတကာက အဆိုတော်တွေရဲ့ လုံခြုံရေးကြောင့်  ပွဲကို ဖျက်သိမ်းလိုက်ရလို့ သူမလည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်ဆိုပြီး ပရိသတ်တွေနဲ့ ပြောထားတဲ့ Live မှာ ပြောထားတာပါ။ဖျော်ဖြေပွဲ ပျက်သွားပေမယ့်လည်း အိမ့်ချစ်ကတော့ နိုင်ငံတကာက ရုပ်သံတွေနဲ့ အင်တာဗျူးတွေ လုပ်ခွင့်ရခဲ့ပါတယ်။

play

 

သွက်လက်ပြီး ချစ်စရာကောင်းတဲ့ အိမ့်ချစ်ကတော့ နိုင်ငံတကာက ရုပ်သံတွေရဲ့ ရှေ့မှာ ကိုယ့်နိုင်ငံက ရုပ်သံလိုင်းတွေ အင်တာဗျူးမေးခြင်း ခံနေရသလိုပဲ အပြုံးမပျက် စိုးရိမ်မှုမရှိပဲ သွက်သွက်လက်လက်နဲ့ ဖြေဆိုခဲ့တာလေးကလည်း မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ တစ်ခုပါပဲ။

နောက်ထပ် သူမအတွက် ဝမ်းသာစရာ အဖြစ်အပျက်လေး တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ နာမည်ကြီး FM တစ်ခုဖြစ်တဲ့ Wish 107.5 FM ကနေ အင်တာဗျူးခံရတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီ FM ရဲ့ Live Session မှာ သီချင်းဆိုပြဖို့ ဆိုတာ တကယ့်ကို ကံကောင်းတာပါပဲဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။ အဲ့ဒီအစီအစဉ်မှာ လည်း သူမကိုယ်တိုင် ရေးသားထားတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကိုလည်း သီဆိုခဲ့တယ်လို့ ဆိုပါတယ်။

"ရခဲလှတဲ့ အခွင့်အရေးတစ်ခုပါပဲနာမည်ကြီး FM တစ်ခုမှာ Interview ခံရဖို့နဲ့ live session ဆိုပြဖို့ဆိုတာ တကယ်ကို ကံကောင်းတာပါပဲ ပုံထဲမှာသာပြုံးနေတာ လူကကြောက်တာဆိုတာလေ.. ဘုရားစာတွေအမေရောသမီးရောရွတ်နေတာ အင်္ဂလိပ်လိုလဲပြောရသေးတယ် ။

interview ကိုသီချင်းကလဲ live ဆိုတာ wish 107.5 ဆိုပြီး သူတို့ရဲ့ YouTube channel မှာတက်မှာဆိုတော့ တစ်ကမ္ဘာလုံးကလူတွေကြည့်တဲ့ channel တစ်ခုမှာမြန်မာ မိန်းကလေးတစ်ယောက် ကိုယ်တိုင်ရေးဆိုတဲ့ original English သီချင်းတစ်ပုဒ်ကို ဆိုနိုင်ရေးနိုင်တယ် ။

Postby

 

ဆိုတာပြချင်စိတ်နဲ့ Crazyဆိုတဲ့ မကြာခင်လဲ online မှာဖြန့်မယ့် အိမ့်ချစ်ရဲ့ပထမဆုံး ရေးဆို English သီချင်းတစ်ပုဒ်ကို ဆိုခဲ့တယ် လမ်းဘေးကလူတွေကလဲကြည့်နေ live ကလဲတက် video တွေလဲရိုက်နဲ့ ရင်တွေတုန်တာလေ ပြောမပြတတ်အောင်ပါပဲ ။ နောက်တစ်ပတ် YouTube မှာတက်လာရင် share ပေးပါ့မယ် အားလုံးနားထောင်ရအောင်ပါ" ဆိုပြီး သူမရဲ့ အကောင့်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

အိမ့်ချစ်အတွက် ပရိသတ်တွေကတော့ ဂုဏ်ယူလို့နေပါတယ်။ သူမကို အင်တာဗျူးခဲ့တဲ့ Wish 107.5  ရေဒီယိုလိုင်းဟာ Philippines နိုင်ငံရဲ့ နာမည်ကြီး ရေဒီယိုလိုင်း တစ်ခုလည်း ဖြစ်ပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD