AD
AD
AD

နန်းဆုရတီစိုးကတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပုံအသစ်လေးတွေ ထပ်တင်လိုက်ပါတယ်။ ခရီးတွေ ဆက်တိုင်သွားဖြစ်နေတဲ့ သူမက ဒီတစ်ခါတော့ မြိတ်မြို့ကို ရောက်နေတယ်လို့ သိရပါတယ်။

သူငယ်ချင်းတွေနဲ့ မြိတ်မြို့မှာ လျှောက်လည်နေတဲ့ ပုံလေးတွေ တင်ထားပြီးနောက် သူမတစ်ယောက်တည်း ပုံတွေကို ထပ်တင်လိုက်တာ ဖြစ်ပါတယ်။

play

 

သူမတစ်ယောက်တည်း ပုံတွေကို တင်ရင်းနဲ့ "ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ခြယ်" ဆိုတဲ့ စာသားလေးကိုပဲ ရေးသားထားတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံသစ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။ ဒီတစ်ခါ ရိုက်ထားတဲ့ ပုံလေးတွေကတော့ ကောင်းကင်ပြာပြာကြီးအောက်မှာ အင်္ကျီအဝါရောင်လေးနဲ့ ဂျင်းဘောင်းဘီအရှည်ကို ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံကတော့ လုံးဝအမိုက်စားပါပဲ။

play

 

နန်းဆုရတီစိုးကတော့ လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး ဒီနှစ်မကုန်ခင်မှာလည်း အွန်လိုင်းကနေ သီချင်း တစ်ပုဒ် ထပ်မံတင်ပေးဖို့ ရှိသလို လာမယ့် နှစ်ဆန်းပိုင်းမှာလည်း အခွေထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ(၂၅)ရက်နေ့က အွန်လိုင်းမှာ တင်ခဲ့တဲ့ "ရူးအောင်ချစ်ရသူ " သီချင်းကိုလည်း ပရိသတ်တွေ အားပေးကြတဲ့အတွက် သူမအနေနဲ့ အရမ်းကို ဝမ်းသာပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

play

 

"ရူးအောင်ချစ်ရသူ" သီချင်းထွက်လာပြီး နောက်ပိုင်း ပရိသတ်တွေက သူမရဲ့ အချစ်ရေးကို စိတ်ဝင်စားလာခဲ့ပါတယ်။ အဲ့ဒီသီချင်းထဲမှာ အတူတူသရုပ်ဆောင်တဲ့ အမျိုးသားအဆိုတော် တစ်ဦးနဲ့ ချစ်ကြိုက်နေတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် သူမကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး လောလောဆယ်မှာထွေထွေထူးထူးဘာမှ ပြောစရာမရှိသေးပါဘူးလို့ လည်း သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး 7day Daily မှာ ဖြေဆိုဖူးခဲ့ပါတယ်။

Postby

 

Photo : နန်းဆုရတီစိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD