AD
AD
AD
play

 

မြင့်မြတ်ကို Congratulation လုပ်လိုက်တဲ့ ရဲတိုက်

ရဲတိုက်ကတော့ ဒီနေ့(နိုဝင်ဘာ၁၇ရက်)မနက်ပိုင်းက တောင်ငူအကျဉ်းထောင်က လွတ်မြောက် လာခဲ့ပြီ ဖြစ်ပါတယ်။ ထောင်က လွတ်လွတ်ချင်း မီဒီယာတွေ အင်တာဗျူးမှာ သရုပ်ဆောင် မြင့်မြတ်ကို Congratulation လုပ်လိုက်တာ ဖြစ်ပါတယ်။

သူထောင်ထဲမှာနေတုန်း ကြည့်ရတဲ့ မြင့်မြတ်ဇာတ်ကားအကြောင်းကို ပြောပြခဲ့တာပါ။

play

 

ရွှေမှုံရတီ ဆေးရုံတက်ရပြန်ပြီ

သရုပ်ဆောင် ရွှေမှုံရတီကတော့ ဆေးရုံထပ်တက်နေရပြန်ပြီလို့ သိရပါတယ်။ ဆေးရုံတက်နေရတဲ့အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွှေမှုံကတော့ အလုပ်တွေက မပြီးသေးပဲ ဆေးရုံတက်နေရတဲ့အတွက် စိတ်ညစ်လို့နေပါတယ်။

play

 

ရိုက်ကူးရေးနားတဲ့ ရက်မှာ အလှူတစ်ခု ပြုခဲ့တဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ ဂန့်ဂေါမှာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးလျက်ရှိပါတယ်။ ဂန့်ဂေါမှာ ဇာတ်ကားရိုက်နေတုန်း ရိုက်ကူးရေး နားတဲ့ ရက်လေးမှာ အလှူတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအလှူလေးကတော့ ရိုက်ကူးရေး နားတဲ့ရက်မှာ ဂန့်ဂေါလမ်းပိုင်းတလျှောက် ကျောက်ထုလမ်းခင်းနေသူများအတွက် နေ့လည်စာ အာဟာရဒါန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

နန်းဆုရတီစိုးကတော့ ကောင်ကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်လဲတဲ့

နန်းဆုရတီစိုးကတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပုံအသစ်လေးတွေ ထပ်တင်လိုက်ပါတယ်။ ခရီးတွေ ဆက်တိုင်သွားဖြစ်နေတဲ့ သူမက ဒီတစ်ခါတော့ မြိတ်မြို့ကို ရောက်နေတယ်လို့ သိရပါတယ်။

သူငယ်ချင်းတွေနဲ့ မြိတ်မြို့မှာ လျှောက်လည်နေတဲ့ ပုံလေးတွေ တင်ထားပြီးနောက် သူမတစ်ယောက်တည်း ပုံတွေကို ထပ်တင်လိုက်တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD