AD
AD
AD

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေး နှစ်ယောက်ကတော့ (၁၀)လပြည့်ပြီလို့ သိရပါတယ်။ ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေး နှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေလည်း ဖြစ်ပါတယ်။

သမီးလေးနှစ်ယောက်(၁၀)လပြည့်တဲ့နေ့မှာ ချစ်သုဝေက သမီးလေးနှစ်ယောက်ရဲ့ အကျင့်လေးတွေနဲ့ စိတ်ထားလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားခဲ့ပါတယ်။

play

 

သမီးအကြီးလေး ဖြစ်တဲ့ မေမြန်ခေတ်အတွက် မေမေချစ်သုဝေ ပြောထားတဲ့ စကားလေးကတော့ "ခေတ်' မေ့သမီးကြီး,,

အမေကိုသိလွန်းတွယ်လွန်း,လူလည်လုပ်တတ်လွန်း, ဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့ ဟန်ပန်တွေနဲ့ တစ်အိမ်လုံးကို ဆွဲဆောင်တတ်လွန်းသော အစားအအိပ်မက်လွန်းသော(ဘီသူနဲ့တူပါလိမ့်  ),,,အကြီးလား အငယ်လားမသဲကွဲသော,,

"တုတ်ပလုတ်တုတ် ဖက်တီးဘုတ်လေး" ရေ...

မတ်တပ်ရာက လမ်းလျှောက်ပါတော့နော်...ပြီးတော့ သွားလေးပေါက်ဖို့အစီအစဉ်ရှိမရှိ? (ဒီအမေက မျိုးစုံလုပ်ပြီးကျွေးချင်နေပြီရယ်)" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

play

 

သမီးငယ်လေး မေမြန်မာသစ်အတွက် ချစ်သုဝေက "သစ်' မေ့သည်းငယ်လေး,,,,အစ်မကိုညှာလွန်း အမေကိုနားလည်လွန်းသိတတ်လွန်း အရာအားလုံးကို စိတ်ဝင်တစားစူးစမ်းတတ်လွန်း ၇လအရွယ်ကတည်းက rhythmn ကိုချက်ကျကျ သိနေတဲ့ ဖေဖေ့သွေးတွေ ပါလာမယ့်ကလေးလေး အေးဆေးလေးနေတတ်ပြီး စိတ်ကြီးပြီဆို ချော့မရတဲ့,,(ဘယ်သူနဲ့တူလဲ ဆိုတော့ကား,,  ),,ဂျီဂျစ်လေးး,,,အသီးကို မနည်းကျွေးရသူလေး တည်ချေလေး,,အငယ်ဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင်သိတတ်နားလည်တဲ့,,,,,

"အီမယ်ဂျီမယ်သည်းသစ်ငယ်လေး" ရေ....

သွားလေး၂ချောင်းပေါက်ပြီး နောက်ထပ်အစီအစဉ် ,မေမေလို့ ပီပီသသခေါ်ဖို့ စိုင်းပြင်းနေရာက jellyတွေစားနေရတဲ့ဖေဖေကို ဖေဖေလို့ခေါ်ပေးဖို့ အစီအစဉ်ရှိမရှိ???ဟိဟိ,,,,

ချစ်တဲ့မေမေ   

ဩော် စကားမစပ်...အာဘွားပေးတတ်နေပြီနော် ၂ယောက်လုံး" ဆိုပြီးတော့ သမီးလေးတွေရဲ့ အကျင့်လေးတွေနဲ့ စိတ်နေသဘောထားလေး တွေကို ထည့်ပြီး ပြောပြသွားတာ တွေ့ရပါတယ်။

play

 

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ယခုဆိုရင် (၁၀)လ ပြည့်ပြီ ဖြစ်တဲ့ အမြွှာလေးနှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အချစ်ကို ခံရဆုံး ကလေးနှစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

Photo : ချစ်သုဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD