AD
AD
AD

ဂန့်ဂေါမှာ ဇာတ်ကားရိုက်နေတဲ့ မင်းသွေးနဲ့ ပရိသတ်တွေ ပေါင်းပြီး လှူဒါန်းတဲ့ အလှူဖြစ်ပါတယ်။ နိုဝင်ဘာ(၁၉)ရက်နေ့က ရန်ကုန် ဆေးရုံကြီးမှာ ကြာဇံကြော်လှူချင်တယ်ဆိုပြီး မင်းသွေးရဲ့ ပရိသတ်တွေထဲက ကောင်မလေး တစ်ယောက်က မင်းသွေးကို ဖုန်းဆက်ပြော တာကြောင့် မင်းသွေးကလည်း အဲ့ဒီအလှူမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

မင်းသွေးအပါအဝင် မင်းသွေးရဲ့ ပရိသတ်တွေ စုပေါင်းပြီး လှူဒါန်းခဲ့တဲ့ အဲ့ဒီအလှူလေး အထမြောက်သွားတဲ့အတွက်လည်း မင်းသွေး တစ်ယောက် ဝမ်းသာလို့ နေပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"ရန်ကုန်ဆေးရုံးကြီးမှာ လျှုခဲ့တဲ့ ကုသိုလ် (19.11.2017)

ပရိတ်သတ်တွေဆီကပေးသော ချစ်ခြင်းမေတ္တာ  

ကျွန်တော် ဂန့်ဂေါမှာ #မုန်းစွဲ ဇာတ်ကားရိုက်နေတုန်း

#မင်းသွေးနှင့်ဆွေမျိုးတစ်သိုက် Group မှ မ Thida Thway ကနေ ဆက်သွယ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ကြာဇံကြော်လှူချင်တယ် ဆိုတဲ့ အကြောင်းပြောပြလာတော့ ဝမ်းသားအားရ တတ်နိုင်သလောက် အလှူငွေထည့်ဝင် လှူဒါန်းခဲ့ပါတယ်၊ Group ထဲမှ ကျွန်တော်ရဲ့ အမာခံ ရဲဘော်များကလည်း တတ်နိုင်သလောက် အလှူငွေလေးတွေထည့်ပြီး လှူလိုက်တော့ အလှူတစ်ခု အထမြောက်သွားခဲ့ပါပြီ ၊ မုန့် အလုံး ၆၀၀ ကိုလျှုဒါန်းပေးခဲ့တဲ့ ညီမငယ်ကိုလည်း ကျေးဇူးပါ၊

ပါဝင်ကုသိုလ်ပြုကူညီပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်း အရမ်းကျေးဇူးတင်ကြောင်း ဒီကနေ ပြောပါရစေ  

#မင်းသွေးနှင့်ဆွေမျိုးတစ်သိုက် Love you all My Guys & Fans " ဆိုပြီးတော့ ရေးသားထားတာပါ။

play

 

မင်းသွေးကတော့ လက်ရှိမှာ မုန်းစွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဂန့်ဂေါမှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကြီးမှာ မင်းသွေးဟာ ထောင့်မကျိုးတဲ့ ကောင်လေးတစ်ယောက်နေရာက ပါဝင်ထားရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မုန်းစွဲ ဆိုတဲ့ ဇာတ်ကားကတော့ အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်စာအုပ်ဖြစ်တဲ့  " အသေလှတဲ့သူ" အကြောင်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

အဲ့ဒီဇာတ်ကားထဲမှတော့ သရုပ်ဆောင် နေတိုး(အကယ်ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

Postby

 

Photo : မင်းသွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD