AD
AD
AD

သရုပ်ဆောင် ဝင့်ယမှုံလှိုင်မှာတော့ ပရိသတ်တွေ မသိသေးတဲ့ နောက်ထပ်ဝါသနာ တစ်ခုရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ဝါသနာအကြောင်း ကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ပြောပြခဲ့ပါတယ်။

အဲ့ဒါကတော့ သီချင်းတွေဆိုရင်းကတာ လို့သူမက ပြောပြထားပါတယ်။

play

 

"ယူတို့ မသိသေးတဲ့ အိုင့်ဝါသနာက သီချင်းတွေဆိုရင်းကတာ ." အဲ့လိုမျိုးလေး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဝင့်ယမှုံလှိုင်ဟာ "အချစ်သင်္ကေတ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲက ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

play

 

ယခုထက်ရှိလည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားသာမက ဇာတ်လမ်းတွဲတွေမှာလည်း ဆက်တိုက်ဆိုသလို တွေ့မြင်နေရသူ ဖြစ်ပါတယ်။

 

ဒါရိုက်တာလှဖြိုး ရိုက်ကူးထားတဲ့ ချစ်သူထွင်းတဲ့ အက္ခရာ ဇာတ်ကားမှာလည်း သရုပ်ဆောင်များ ဖြစ်ကြတဲ့ ကျော်ဆု၊ ကျော်ထက်၊ မင်းခန့်ကို၊ ဝေယံကျော်၊ ဂျူဂျူးပန်ထွာ၊ ဟန်နလာ၊ ညောင်ညောင်၊ ဖိုးကျော်တို့နဲ့အတူ ဝင့်ယမှုံလှိုင်က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ဇာတ်ဝင်စားခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

play

 

သီချင်းဆိုရင်း ကနေတဲ့ ဝင့်ယမှုံလှိုင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Postby

 

Photo : ဝင့်ယမှုံလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD