AD
AD
AD

ပရဟိတသမား သရုပ်ဆောင် ဝေဠုကျော်ကတော့ (WLK)အမှတ်တံဆိပ်ပါ ဆိုင်ကယ်ထုတ်သွားမယ်လို့ သိရပါတယ်။ ဆိုင်ကယ်ထုတ်ပြီး ပရဟိတလုပ်ငန်းအတွက် အကျိုးအမြတ်တဝက်ကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

play

 

“ကျွန်တော် ဝေဠုကျော်(WLK) ဆိုတဲ့ တံဆိပ်နဲ့ ဆိုင်ကယ်ထုတ်မယ်။ 110 ဆိုင်ကယ်အမျိုးအစားနဲ့ 125 ဆိုင်ကယ်အမျိုးအစားတွေ ထုတ်သွားမယ်။လူလတ်တန်းစား အကုန်စီးလို့ရအောင် လုပ်ပေးမှာပါ။ ရတဲ့အကျိုးအမြတ်ထဲက တဝက်ကို ကျွန်တော် ပရဟိတလုပ်ငန်းအတွက်သုံးမယ်။ " လို့ ဝေဠုကျော်က ဆိုပါတယ်။

play

 

အဆိုပါ WLK အမှတ်တံဆိပ်ပါ ဆိုင်ကယ် ထုတ်လုပ်မှုကို ဝေဠုကျော် ကုမ္ပဏီလီမိတတ်မှ ဧရာဝတီတိုင်းဒေသကြီးမှာ ယခုလက စလို့ စတင်ရောင်းချပေးသွားမှာလို့ သိရပါတယ်။

play

 

ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင် ဝေဠုကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးထား တယ်လို့ သိရပါတယ်။ ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးထားသော ဘက်ကီးရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒိယ ဒါရိုက်တာ ရိုက်ကူးထားတဲ့ မကြာမီမျှော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတို့ ဖြစ်ပါတယ်။

Postby

 

Source : Irrawaddy News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD