AD
AD
AD

ကလေးများရဲ့ ဘဝသာယာလှပဖို့အတွက် သူမမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိသေးပါတယ်တဲ့။ ကလေးတွေအတွက်လည်း ခိုင်နှင်းဝေဟာ ယခုထက်ပိုပြီး ကြိုးစားသွားမယ်မှာ ဖြစ်သလို ကေးလများအားလုံး ပျော်ရွှင်ကြဖို့ကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ဆုတောင်းထားတာ တွေ့ရပါတယ်။

အဲ့ဒီစာသားလေးတွေနဲ့အတူ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနေ့မှာ United Act ရဲ့စီစဉ်မှုနဲ့ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့ မယ်တော်ဆေးခန်း(အဟောင်း)မှာ တစ်လတစ်ကြိမ်ကျင်းပတဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး ဆွေးနွေးပွဲမှာ သူမပါဝင်ခဲ့တဲ့ အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများနေ့မှာ United Act ရဲ့စီစဉ်မှုနဲ့ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မယ်တော်ဆေးခန်း(အဟောင်း)မှာ တစ်လ၁ကြိမ်ကျင်းပသော ကလေးသူငယ်လူကုန်ကူးမှု တားဆီးရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှ ကလေးသူငယ် အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများ, ထိုင်းနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအရာရှိများ,လူမှုဝန်ထမ်းများ,ရဲအရာရှိများနဲ့အတူ မြန်မာနိုင်ငံရဲ့ ကလေး လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပါတယ်ရှင်...

မယ်တော်ဆေးခန်း(အသစ်)ကိုလည်းသွားရောက်ခဲ့ပြီး ကလေးများရဲ့အခွင့်အရေးများအတွက် လုပ်ဆောင်ချက်များ ထိုင်းနိုင်ငံ အတွင်း နေထိုင်သော မြန်မာနိုင်ငံသားကလေးများရဲ့အခွင့်အရေးကိစ္စများကို တာဝန်ရှိသူများနဲ့ပြောကြားခဲ့ပါတယ်။ ကလေးများ ဘဝသာယာ လှပဖို့အတွက် ကျမမှာလုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်ရှင်  ကလေးတွေအတွက် ယခုထက်ပိုပြီးကြိုးစားသွားပါ့မယ်လို့ကတိပြုရင်း,,,

ကလေးများအားလုံးပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်..." ဆိုပြီး ပြောထားပါတယ်။

play

 

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရောက် ပါဝင်ကူညီဆောင်ရွက်ပေးသူ တစ်ဦး ဖြစ်ပါတယ်။

ပရဟိတပိုင်းကို ဝါသနာပါသူ တစ်ယောက်အနေနဲ့ ကြုံတဲ့နေရာတိုင်းမှာ ပရဟိတလုပ်တတ်တဲ့ သူမရဲ့ စိတ်ဓာတ်ကိုတော့ ပရိသတ်တွေက လေးစားမဆုံး ဖြစ်လို့ နေပါတယ် ။

Postby

 

Photo : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD