AD
AD
AD

နိုဝင်ဘာ(၁၉)ရက်နေ့ကတည်းက ဟက်ကာများရဲ့ လက်ထဲရောက်သွားတဲ့ ဖွေးဖွေးရဲ့ အကောင့်ကတော့ ဒီနေ့(နိုဝင်ဘာ၂၁ရက်)မှာ ပြန်ပြီးတော့ အသက်ဝင်လာပြီဖြစ်ပါတယ်။

သူမရဲ့ အနုပညာသက်တမ်း(၁၀)နှစ်အတွင်းမှာ (၉)နှစ်တာ နီးပါးလောက်ကို အမှတ်တရများစွာနဲ့ အသုံးပြုခဲ့တဲ့ ဖွေးဖွေးရဲ့ ပေ့ခ်ျ ပြန်ပြီး အသက်ဝင်လာတာကြောင့် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။

play

 

ဖွေးဖွေးကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျပြန်ရရချင်းမှာပဲ ပရိသတ်တွေကို ဖွေးပြန်လာပါပြီရှင် ဆိုတဲ့ စာသားလေးနဲ့အတူ နှုတ်ဆက်လိုက်ပါတယ်။

"ဖွေးပြန်လာပါပြီရှင်!    Welcome Back My Darlings!  

ဖွေးဖွေး Page အား ပြန်လည်ရရှိရေးအတွက် မအားလပ်ကြသည့်ကြားမှ အကူအညီပေးခဲ့ကြသော Bella Cosmetics နှင့်တကွ IT Herosအကိုအမများ၊ ဖွေးရဲ့ Page Admins များ နှင့်တကွ Facebook Team အား ဖွေးနှင့် ဖွေးချစ်ရသော ဖွေးကိုချစ်သော ပရိသတ်များအားလုံး မှ လေးစားတန်ဖိုးထားစွာ ကျေးဇူးအထူး လှိုက်လှိုက်လှဲလှဲတင်ရှိပါကြောင်း...။ ။

ဖွေး ရဲ့ အနုပညာသက်တမ်း ၁၀နှစ်အတွင်း ၉နှစ်တာနီးပါး အရွယ်အဆင့်ဆင့် အမှတ်တရများစွာ ဖြင့်အသုံးပြုခဲ့သော "Phway Phway" Fan Page အား Hackလုပ် ခြင်းအားဖြင့် ဖွေးရဲ့ ချစ်အမာခံပရိတ်သတ်များစွာအား စိတ်အနှောက်အယှက်ကြီးစွာပေးခဲ့သူများ ကိုတော့ သူတို့ပြုတဲ့ကံ သူတို့ထံတန်ပြန်မှာအသေအချာပဲမို့ အထူးတလည် ခွန်းတုံ့ပြန်စရာ မရှိပါကြောင်း...။ ။

ပန်းပန်လျှက်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။

play

 

စာသားလေးတွေနဲ့အတူ သူမရဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။ သူမရဲ့ အကောင့်လေး ပြန်ပြီးရသွားတာကြောင့် သူမရဲ့ ပရိသတ်တွေကလည်း ပျော်ရွှင်လို့နေပါတယ်။

ဖွေးဖွေးက လက်ရှိမှာတော့ ဂန့်ဂေါမြို့မှာ "မုန်းစွဲ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ ဖွေးဖွေးရဲ့ ကာရိုက်တာက ရှေးတုန်းက မိန်းကလေး ပုံစံမျိုး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

"မုန်းစွဲမှာ ဖွေးက မသဲရုံ ဆိုတဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ကာရိုက်တာအတွက်ကတော့ ရှေးတုန်းက ပုံစံမျိုးပေါ့့နော်။ ဆံပင်ကို အမည်းအရှည် ပြင်ဆင်ထားရတယ်။ပြီးတော့ ရှေးတုန်းက ဝတ်တဲ့ အင်္ကျီတွေကို လေ့လာပြီးတော့ ချုပ်ထားတယ်။" ဆိုပြီး ဇာတ်ကားကန်တော့ပွဲနေ့က Duwun Media ကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

မုန်းစွဲ ဇာတ်ကားမှာတော့ အရွယ်နှစ်မျိုး သရုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

Postby

 

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD