AD
AD
AD

အဆိုတော် ဇော်ပိုင်ကတော့ သားဖြစ်သူ ရွှေပိုင်အတွက် ကိုယ်တိုင်ချက်ပြုတ်ကျွေးနေတာကိုတွေ့ရပါတယ်။ ကိုယ်တိုင်လက်စွမ်းပြ ချက်ပြုတ်ကျွေးနေတဲ့ ဇော်ပိုင်က ချက်ပြုတ်နေတဲ့ ပုံလေးတွေကို ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။

ဇော်ပိုင်က ဖေ့စ်ဘွတ်မှာ ပုံတင် တင်ထားတာ မဟုတ်ပါဘူး  စာသားလေးတချို့ကိုလည်း ရေးသားထားပါတယ်။

play

 

အဲ့ဒါကတော့ "ရွှေပိုင်စားချင်တယ်ပြောလို့ ဖေဖေဇော်ပိုင်ချက်သည်....ဩော်..ကျွန်တော်တို့မချက်ရတာလည်းကြာပြီ" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ဇော်ပိုင်ရဲ့ သားလေးဖြစ်သူ ရွှေပိုင်ကတော့ အသက်(၅)နှစ်ကျော် ရှိပါပြီ။အဆိုတော် ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ရဲ့ တစ်ဦးတည်းသော သားလေးလ ည်း ဖြစ်ပါတယ်။

play

 

သားလေးရဲ့ (၅)နှစ်ပြည့် မွေးနေ့ကိုလည်း ဇန်နီဝါရီ(၂၅)ရက်နေ့ ည(၇)နာရီက ရန်ကုန်မြို့ ဆီဒီုးနားဟိုတယ်မှာ ကျင်းပခဲ့ပါသေးတယ်။

ဇန်နဝါရီ(၂၅)ရက်နေ့မှာ ကျရောက်တဲ့ ရွှေပိုင်လေးရဲ့ မွေးနေ့တွင်  ဖခင်​ဖြစ်​သူ​ ဇော်​ပိုင်ရဲ့ အနုပညာရှင်​ ညီအစ်​ကို​မောင်​နှမများ တက်ရောက်ခဲ့ကြပြီး မွေးနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

play

 

"သား​လေးကိုထူးချွန်​ထက်​မြတ်​တဲ့ ပညာတတ်​တဲ့ သား​လေးတစ်​​ယောက်​ဖြစ်​​စေချင်​တယ်​။ သူငယ်​ငယ်​တစ်​နှစ်​တုန်းကစ​ မွေး​နေ့စ လုပ်​တယ်​။ ၃နှစ်​တုန်းကလည်း လုပ်​​ပေးဖြစ်​တယ်​။ အခု ၅နှစ်​ပြည့်​က သူပိုပြီးသိလာပြီ​ပေါ့။ သား​လေးကို ချစ်​ခင်​​ပေးကြ သူ​တွေကို လည်းအထူး​ ကျေးဇူး တင်​ပါတယ်​"လို့ ဖခင်​ဖြစ်​သူဇော်ပိုင်က ပြောခဲ့ပါသေးတယ်။ သား​လေးကို ချစ်​ခင်​​ပေးကြ သူ​တွေကို လည်း အထူး​ကျေးဇူးတင်​ပါတယ်​"လို့ ဖခင်​ဖြစ်​သူဇော်ပိုင်က ပြောပါတယ်။

play

 

ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ဟာ ၂၀၀၈ခုနှစ် (၁၁)လပိုင်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

ဇော်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ အခြားအဆိုတော် ၁၁ ဦးနဲ့အတူ အဖွဲ့လိုက်သီချင်းခွေတစ်ခွေ ထွက်ရှိထားပါသေးတယ်။ Immortal ဒိုင်ယာရီ လို့အမည်ပေးထားတဲ့ အဆိုပါအခွေမှာ  စည်သူလွင်၊ ဇော်ပိုင်၊ ဖိုးကာ၊ ဟဲလေး၊ဝေလ၊ ဇွဲပြည့်၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ပိုပိုဟေသာတို့ပါဝင်ပြီး အဆိုတော်တစ်ဦးကို သီချင်းတစ်ပုဒ်စီ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

Postby

 

Photo : ဇော်ပိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD