AD
AD
AD

ချစ်သုဝေကတော့ သူ့မရဲ့ အမှတ်တရလေးတွေထက် သမီးလေးတွေရဲ့ အမှတ်တရလေးတွေ အများကြီးရှိတဲ့ Chit Thu Wai ဆိုတဲ့ အကောင့် လေး ဟက်ခံရမှာကို စိုးရိမ်လို့နေပါတယ်။

သူမရဲ့ အကောင့်လေးကို ခဏခဏ Hack ဖို့ ကြိုးစားနေလားမသိဘူး reset Code တွေလည်း ဝင်နေတယ်ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာ တွေ့ရပါတယ်။

play

 

"ကလေး၂ယောက်အမေပါနော် မိသားစုဘဝလေးကိုပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းချမ်းသာသာပဲလိုချင်လို့ အေးဆေးပဲနေနေတာပါနော် အနုပညာအလုပ်ကိုလည်း ဖြည်းဖြည်းအေးအေးလေး စိတ်ချမ်းသာစွာလုပ်ပါတယ်နော် ကျန်တာထွေထွေထူးထူး စိတ်ဝင်စားစရာမရှိပါဘူးနော်,,ဒီ accountလေးတစ်ခုပဲသုံးပြီး ဒီ account လေးထဲမှာ သမီးလေး၂ယောက်မွေးစကစလို့ အမှတ်တရဓါတ်ပုံတွေ တင်သိမ်းတာမို့ပါ,,,

ဒီ account လေးကိုခဏခဏ hack ဖို့ကြိုးစားနေကြတာလားမသိဘူး..အမြဲတမ်းသတိပေးပြီး reset code တွေ ဝင်နေတယ် ။သူများ စိတ်ဆင်း ရဲမှ စိတ်ချမ်းသာကြမယ်ဆိုလည်းလုပ်ပါနော်။ကိုယ်က အစကတည်းကမှ ITနဲ့ ပတ်သက်ရင် ညံ့မှညံ့" ဆိုပြီးတော့ သူမရဲ့ အကောင့်မှာ ရေးသားထားပါတယ်။

play

 

ချစ်သုဝေရဲ့ ပရိသတ်တွေကလည်း အကောင့်ဟက်မခံရဖို့ Security အဆင့်မြှင့်ဖို့ အတွက်တွေကို ပြောပြထားပါသေးတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာလည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

အခုဆိုရင် သူတို့နှစ်ဦးမှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

play

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ  ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မေမြန်မာသစ်နဲ့ မေမြန်မာခေတ် အမြွှာနှစ်ယောက်ထဲမှာ အကြီးမလေးက အမေချစ်သုဝေနဲ့တူပြီး အငယ်မလေးကတော့ ဖခင် လင်းလင်းနဲ့တူတယ်လို့ ပြောကြပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးတွေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူလေးတွေ ဖြစ်ပါတယ်။

Postby

 

Photo : ချစ်သုဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD