AD
AD
AD

ဆိုင်ကယ်ရောင်းရဲ့ အမြတ်တဝက်ကို အလှူထဲ ထည့်မှာမို့လို့ ဆိုင်ကယ်ဝယ်ရင်း ကုသိုလ်ယူရအောင်လို့ ဝေဠုကျော်က ပြောလိုက်ပါတယ်။ တရုတ်ပြည်တွင်းသုံး အထူးအင်ဂျင်နဲ့ လိုင်စင်ပါပြီးသားဆိုင်ကယ်တွေကို ဝေဠုကျော် နာမည်နဲ့ ထုတ်လုပ်ရောင်းချနေတာလည်း ဖြစ်ပါတယ်။

ဝယ်ယူတဲ့ ပရိသတ်တွေအတွက် အရစ်ကျစနစ်နဲ့လည်း ရောင်းသွားမယ်လို့ ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

“ကျွန်တော် ဝေဠုကျော်(WLK) ဆိုတဲ့ တံဆိပ်နဲ့ ဆိုင်ကယ်ထုတ်မယ်။ 110 ဆိုင်ကယ်အမျိုးအစားနဲ့ 125 ဆိုင်ကယ်အမျိုးအစားတွေ ထုတ်သွားမယ်။လူလတ်တန်းစား အကုန်စီးလို့ရအောင် လုပ်ပေးမှာပါ။ ရတဲ့အကျိုးအမြတ်ထဲက တဝက်ကို ကျွန်တော် ပရဟိတလုပ် ငန်းအတွက်သုံးမယ်။ " လို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

အရစ်ကျစနစ်နဲ့ ဝယ်ယူချင်တဲ့ သူတွေအတွက် အိမ်ထောင်စု မူရင်း(or) မိတ္ထူ၊ မှတ်ပုံတင် မူရင်း(or) မိတ္ထူ၊ ရပ်ကွက်ထောက်ခံချက်(နေထိုင်ကြောင်း)တို့လိုအပ်တယ်ဆိုပြီး ပြောထားပါတယ်။ အသေးစိတ် သိရှိနိုင်ဖို့ကိုလည်း အမှတ် -၈၆၇၊ ဗိုလ်ချုပ်လမ်း၊ ၈-ရပ်ကွက် ၊ညောင်တုန်းမြို့ ဖုန်း - 09 420052000/ 09 780052000  နဲ့ WLK အိမ်(ဝေဠုကျော်အိမ်) အမှတ် ၂၃၇၊ကံ့ကော်မြိုင် ၂လမ်း ၊၂၃ရပ်ကွက် ၊VIP 1 ၊သုဝဏ္ဏမြို့နယ်၊ရန်ကုန် မြို့၊ WLK ခြံ (ဝေဠုကျော်ခြံ) သဲဖြူချောင်းရွာ၊၁၈ ကုန်း၊အောင်ချမ်းသာ၊ သန်လျင်မြို့နယ်၊ရန်ကုန်နဲ့ ကိုနိုင်ထက်ဦး (WLK Co.,Ldt ကျောက်သဲ ရောင်းဝယ်ရေး) ပဲခူးတိုင်း ၊ကဝမြို့နယ်၊တို့မှာဝယ်ယူနိုင်သလို မကြာမီ ပြည်နယ်နဲ့တိုင်းအသီးသီး တို့ကို ဖြန့်ချိမယ်လို့ ရေးထားပါတယ်။

play

 

အဆိုပါ WLK အမှတ်တံဆိပ်ပါ ဆိုင်ကယ်ထုတ်လုပ်မှုကို ဝေဠုကျော် ကုမ္ပဏီလီမိတတ်မှ ဧရာဝတီတိုင်းဒေသကြီးမှာ ယခုလက စလို့ စတင်ရောင်းချပေးသွားမှာလို့ သိရပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင် ဝေဠုကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးထား တယ်လို့ သိရပါတယ်။ ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးထားသော ဘက်ကီးရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒိယ ဒါရိုက်တာ ရိုက်ကူးထားတဲ့ မကြာမီမျှော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတို့ ဖြစ်ပါတယ်။

Postby

 

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD