AD
AD
AD
Postby

 

ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာဧည့်ခံပွဲ

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကိုတော့ ဒီနေ့(နိုဝင်ဘာ၂၆ရက်)က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကိုတော့ ဖိတ်ကြားထားတဲ့ ဧည့်သည် များနဲ့ သူငယ်ချင်းများ အနုပညာ အသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်များက တက်ရောက်အားပေးခဲ့ကြပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲမှာတော့ သတို့သား သတို့သမီးအရံ များအဖြစ် လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer ၊ နန်းသူဇာတို့က ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်မှာ လက်ထပ်ထိမ်းမြားခဲ့တာလည်း ဖြစ်ပါတယ်။

Postby

 

ဖခင်ကို Surprise လုပ်လိုက်တဲ့ ဖိုးသောကြာရဲ့သမီးလေး

အဆောက်အအုံတစ်ခုအောက်မှာ ထိုင်နေတဲ့ ဖိုးသောကြာဟာ သူ့နားကို သမီးလေး ရွှေသု ရုတ်တရက်လမ်းလျှောက်ပြီး ရောက်လာတာကို အံ့သြသွားခဲ့ပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားတဲ့အတွက် ဖိုးသောကြာတစ်ယောက် အရမ်းကို ပျော်ရွှင်နေပြီး ရွှေသုလေးကလည်း အဖေ့ကို အံ့သြဝမ်းသာ အောင်လုပ်ပြီး ပျော်ရွှင်နေပါတယ်။

Postby

 

ဘုဏ်းသိုက်နဲ့ ကွာရှင်းပြီးကြောင်း ကြေညာလိုက်တဲ့ ချမ်းချမ်း

သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ကတော့ နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းကြောင်းကို နိုဝင်ဘာ(၂၄)ရက်နေ့ ထုတ်ကြေးမုံသတင်းစာမှာကြော်ငြာထားတာ တွေ့ရပါတယ်။

ယင်းကြော်ငြာစာရွက်မှာ ဦးဘုဏ်းသိုက်နဲ့ ဒေါ်ချမ်းမြငြိမ်း(ချမ်းချမ်း)တို့ဟာ တစ်ဦးနဲ့ တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ဇူလိုင်(၁၇)ရက်နေ့မှာ နှစ်ဖက်လူကြီးမိဘများရဲ့ ရှေ့မှာ ကွာရှင်းပြတ်စဲကြောင်းစာချုပ်ကို ရေးထိုးခဲ့ကြပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD